DVB Logo
Home
မြန်မာသတင်း
တောင်ဥက္ကလာပကျူးကျော်စာရင်းထဲက မသမာသည့်ကျူးကျော်အိမ်ထောင်စု ၃၀၀ ကိုဖယ်ရှား
DVB
·
June 8, 2017
တောင်ဥက္ကလာပကျူးကျော်စာရင်းထဲက မသမာသည့်ကျူးကျော်အိမ်ထောင်စု ၃၀၀ ကိုဖယ်ရှား
Donate to DVB

 

တောင်ဥက္ကလာပမြို့နယ်မှာ ကနဦး စာရင်းကောက်ယူထားတဲ့ ကျူးကျော်တွေထဲက မသမာတဲ့ ကျူးကျော် အိမ်ထောင်စု ၃၀၀ လောက်ကို ကျူးကျော်စာရင်းကနေ ဖယ်ရှား လိုက်ပါတယ်။

တောင်ဥက္ကလာပမြို့နယ်က ကျုးကျော်တွေကို ဇွန်လ ၈ ရက်နေ့စပြီး ကျူးကျော်ဖြစ်ကြောင်း အသိအမှတ်ပြု စမတ်ကတ်တွေ ထုတ်ပေးနေတာပါ။

စမတ်ကတ်တွေကို တောင်ဥက္ကလာပမြို့နယ်ထဲက ကျူးကျော် အိမ်ထောင်စုအများဆုံး ဖြစ်တဲ့ ၁၄ ရပ်ကွက်ရဲ့ ဗဟိုဓမ္မာရုံမှာ ထုတ်ပေးနေတာ ဖြစ်ပါတယ်။

တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီး ၂ ကိုယ်စားလှယ် ဦးမိုးမြင့်က “၁၄ ရပ်ကွက်မှာ အရင်က ကောက်ထားတာ ကျူးကျော် အိမ်ထောင်စု ၁၆၈၀ ကျော် ရှိတယ်။ ဒီထဲက ကျူးကျော် အနေနဲ့ မကိုက်ညီတဲ့ မသမာတဲ့ အိမ်ထောင်စု ၃၀၀ ကို ပြန်စိစစ်ပြီး ဖယ်ရှားလိုက်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ်တခုလုံးမှာ ကျူးကျော် အိမ်ထောင်စု ၃၀၀၀ ဝန်းကျင်ရှိပြီး ဇွန်လ ၉ ရက်နေ့မှာ တခြားရပ်ကွက်တွေမှာ ဆက်ထုတ်ပေးသွားမှာပါ။

ဒီမြို့နယ်မှာ ရပ်ကွက် ၁၅ ခု၊ လူဦးရေ ၁၆၀၀၀၀ ကျော် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013