DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ကန်ကျနပူရီတွင် မြန်မာအလုပ်သမား ၁၈၀ ကျော် အဖမ်းခံရ
DVB
·
June 8, 2017
ထိုင်းနိုင်ငံ ကန်ကျနပူရီတွင် မြန်မာအလုပ်သမား ၁၈၀ ကျော် အဖမ်းခံရ
1 / 2
Donate to DVB

ต่างด้าว2ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ထာ့မကာမြိုမှာ ယမန်နေ့က မြန်မာ အလုပ်သမားပေါင်း ၁၈၆ ဦး ဖမ်းဆီးအရေးယူခံခဲ့ရတယ်လို့ မာ့တီချွန်းထိုင်းသတင်းမှာ ဖော်ပြပါ တယ်။

ကန်ကျနပူရီခရိုင် အုပ်ချုပ်ရေးရုံ၊ လ၀က၊ ရဲ၊ စစ်တပ်နဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန်လ ၇ ရက်နေ့က ထာ့မကာမြို့ အူလုတ်ဆီမွန်ရပ်ကွက်ရှိ Thai Foods Group Public Company Limited ထိုင်းအစားအစာ ထုတ်လုပ်ရေးစက်ရုံကို သွားရောက်ပြီး တရားဥပဒေနဲ့မညီတဲ့ အလုပ်သမားတွေ သွားရောက်စစ်ဆေးရာမှာ အခုလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ယမန်နေ့က ဖမ်းဆီးအရေးယူခံရတဲ့ထဲမှာ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၁၈၆ ဦးရှိပြီး သူတို့တတွေဟာ ခွင့်ပြုထားတဲ့ လုပ်ငန်းအမျိုးအစား ကိုက်ညီမှု မရှိခြင်း၊ အလုပ်ရှင်အမည် ကိုက်ညီမှု မရှိခြင်း၊ လုပ်ငန်းတည်နေရာ ကိုက်ညီမှု မရှိခြင်း စတာတွေကြောင့် အဖမ်းခံရတာဖြစ်ပြီး လိုအပ်သလို အရေးယူဒဏ်တပ်ဖို့ ထာ့ဒေနယ်မြေရဲစခန်းကို ဆက်လက်ပို့ဆောင်သွားမယ်လို့ စစ်ဆေးရေးအဖွဲ့ပါ အရာရှိတဦးက သတင်းထောက်ကို ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားဥပဒေနဲ့ မညီညွတ်တဲ့ အလုပ်သမားတွေကို ငှားရမ်းခန့်ထားမှုကြောင့် သူတို့ရဲ့ အလုပ်ရှင် အသက် ၂၈ နှစ်အရွယ် ဟတ်ထယချနုတ်လည်း ဖမ်းဆီးအရေးယူခံခဲ့ရ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013