
ပျက်သွားတဲ့ တပ်မတော်လေယာဉ် Y-8 မှ အမျိုးသားရုပ်အလောင်း တလောင်း၊ အမျိုးသမီး ရုပ်အလောင်း တလောင်းနဲ့ ကလေးရုပ်အလောင်း တလောင်းတွေ့ရှိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
ဇွန်လ ၇ ရက်နေ့ မွန်းလွဲပိုင်းက အဆက်အသွယ်ပြတ်တောက်သွားခဲ့တဲ့ တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်ရဲ့ အစိတ်အပိုင်းတချို့နဲ့ ရုပ်အလောင်းတချို့ကို ဒီနေ့ မနက် ၈ နာရီ ၁၈ မှာ ကျောက်နီမော်ကျေးရွာ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြို့ရဲ့ အနောင်တောင်ဘက် ၂၂ မိုင် ပင်လယ်ပြင်အတွင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့တာပါ။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့ အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်တစီးက လေယာဉ်ဘီးလို့ ယူဆရတဲ့ တာယာကွင်းတခု၊ အသက်ကယ်အင်္ကျီ ၂ ထည်၊ အ၀တ်အစားထည့် အိတ်တချို့ကို ဆယ်ယူရရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။











