DVB Logo
Home
မြန်မာသတင်း
ပျက်ကျသွားသည့် တပ်မတော်လေယာဉ်မှ ရုပ်အလောင်းတချို့စတင်တွေ့ရှိ
DVB
·
June 8, 2017
ပျက်ကျသွားသည့် တပ်မတော်လေယာဉ်မှ ရုပ်အလောင်းတချို့စတင်တွေ့ရှိ
1 / 4
Donate to DVB

ပျောက်ဆုံးနေတဲ့ တပ်မတော်ပို့ဆောင်ရေးလေယာဉ်နဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းနဲ့ ရုပ်အလောင်းတချို့ စတင်တွေ့ရှိပြီဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဒီကနေ့မနက်က  ၈ နာရီ ၁၈ မိနစ်မှာ ကျောက်နီမော်ရဲ့ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြို့ရဲ့ အနောင်တောင်ဘက် ၂၂ မိုင်အကွာ ပင်လယ်ပြင်အတွင်း စတင်ရှာဖွေတွေ့ရှိခဲ့ တာလို့ဆိုပါတယ်။

ပျောက်ဆုံးလေယာဉ်ကို  ယာဉ် ၉ စီး၊ တပ်မတော် လေယာဉ် ၅ စီး၊ ရဟတ်ယာဉ် ၂ စီးနဲ့ မြေပြင်တပ်ဖွဲ့တွေ ဒေသခံပြည်သူတွေပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအပူတပြင်း ဆောင်ရွက်နေတယ်လို့သိရပါတယ်။

မနေ့မွန်းလွဲပိုင်းက တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8 200 F အမျိုးအစား၊ လေယာဉ်အမှတ်-၅၈၂၀)ဟာ မြိတ်မြို့မှ ရန်ကုန်မြို့သို့အသွား ထားဝယ်မြို့ရဲ့ အနောက်တောင်ဘက် ၄၃ မိုင်ခန့်အရောက်မှာ  ဆက်သွယ်မှုပြတ်တောက်သွားခဲ့တာပါ။

လေယာဉ်ပေါ်မှာ အမှုထမ်းစုစုပေါင်း ၁၄ ဦး၊ အရာရှိ/စစ်သည် ၃၅ ဦး၊ တပ်မတော် မိသားစုဝင် ကလေး ၁၅ ဦး(ကျား ၆ ဦး၊ မ ၉ ဦး) ၊ လူကြီး ၅၈ ဦး(ကျား ၁၃ ဦး၊ မ ၄၅ ဦး) စုစုပေါင်း ၁၂၂  ဦး လိုက်ပါသွားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013