DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 7, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

နွေသီးထပ်(ဆန်)
ဝါးတန်း ကုန်စည်ဒိုင်မှာတော့ နွေသီးထပ်(ဆန်) ရှယ် ၁ အိတ်ကို ငွေကျပ် ၁၈,၀၀၀ ကနေ ၁၈,၅၀၀ ကျပ်ဈေးရှိနေပြီး ၅၀၀ ဈေးကျသွားပါတယ်။

နှမ်းနက်(စမုံ)
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ) ၁ အိတ်ကို ငွေကျပ် ၁၂၃,၀၀၀ ကနေ ၁၂၀,၀၀၀ ကျပ်ဈေးရှိနေပြီး ၃,၀၀၀ ကျပ်ဈေးကျသွားပါတယ်။

မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၈၇၆,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၂၈,၀၀၀ ကျပ် ဈေးတက်သွားပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ၁ တန်ကို ငွေကျပ် ၆၄၆,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၇,၀၀၀ ကျပ်ဈေးတက်သွားပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁,၄၀၀ ကနေ ၂,၃၃၅ ကျပ်အထိ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၈၀ ကျပ်ဈေးတက်သွားပါတယ်။

ကြက်သွန်ဖြူ (ကြူကုတ်)
ကြက်သွန်ဖြူ(ကြုကုတ်)ကတော့ ဒီနေ့ကမှာ ၁ ပိဿာကို ငွေကျပ် ၁,၇၀၀ ကနေ ၁,၈၅၀ ကျပ်ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၅၀ ကျပ် ဈေးတက်သွားပါတယ်။

ပဲပုတ်(ဗမာ)
မန္တလေး ကုန်စည်ဒိုင်မှာ ပဲပုတ်(ဗမာ) ၁ အိတ်ကို ငွေကျပ် ၈၄,၀၀၀ ကနေ ၈၅,၀၀၀ ကျပ်ဈေးရှိပြီး ကျပ် ၁,၀၀၀ ဈေးကျသွားပါတယ်။

ဆား
ပခုက္ကူ ကုန်စည်ဒိုင်မှာ ဆား ၁ အိတ်ကို ငွေကျပ် ၁၁,၅၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၈၀၀ ကျပ် ဈေးတက်သွားပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013