DVB Logo
Home
မြန်မာသတင်း
စက်မှုသိပ္ပံကျောင်းသားများကို လစဉ် ကျပ် ၃ သောင်း ထောက်ပံ့ကြေးပေးမည်
DVB
·
June 7, 2017
စက်မှုသိပ္ပံကျောင်းသားများကို  လစဉ် ကျပ် ၃ သောင်း ထောက်ပံ့ကြေးပေးမည်
Donate to DVB

 

၂၀၁၆ - ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး စက်မှုသိပ္ပံ ကျောင်းမှာ ၀င်ခွင့်ရ သင်တန်းသူ/သားတွေကို နိုင်ငံတော်က လစဉ်ထောက်ပံ့ကြေး ပေးအပ်သွားမယ်လို့ ပညာရေး ၀န်ကြီး ဒုဝန်ကြီး ဦးဝင်းမော်ထွန်း က ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။

အမျိုးသားလွှတ်တော်အမတ် ဒေါ်မေသန်းနွဲ့ရဲ့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့မှာ အစိုးရစက်မှုလက်မှုသိပ္ပံ AGTI (ပထမနှစ်) သင်တန်းတွေ စတင်ဖွင့်လှစ် ပေးရန် အစီအစဉ်ရှိမရှိ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့စဉ် ထည့်သွင်း ပြောဆိုခဲ့တာပါ။

ကျိုက်လတ်မြို့မှာ AGTI သင်တန်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း ဖွင့်လှစ်နိုင်ဖို့အတွက် အဆောက်အအုံတွေ ဆရာ/မတွေ ၀န်ထမ်းတွေ ခန့်အပ်နိုင်ဖို့အတွက် ဖြည့်ဆည်းမှုတွေ ဆောင်ရွက်ထားပြီး အောက်တိုဘာလလောက်မှာပဲ  သင်တန်းသားတွေ ခေါ်ယူမယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံသားတွေရဲ့ အလုပ်အကိုင်ရရှိစေဖို့၊ တဦးချင်း ၀င်ငွေမြင့်မားစေဖို့နဲ့ သက်မွေး ပညာရပ်အနေနဲ့ အထောက်အကူပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီး အင်ဂျင်နီယာ ဒီပလိုမာ ၃ နှစ်သင်တန်းနဲ့ နည်းပညာ အထက်တန်းကျောင်း ၂ နှစ် သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013