DVB Logo
Home
မြန်မာသတင်း
ပယောဂကုရာမှ ကလေးငယ် ၃ ဦးသေဆုံးမှု အမိန့်စာမပြီးသေးသဖြင့် အမိန့်မချနိုင်သေး
DVB
·
June 7, 2017
ပယောဂကုရာမှ ကလေးငယ် ၃ ဦးသေဆုံးမှု အမိန့်စာမပြီးသေးသဖြင့် အမိန့်မချနိုင်သေး
Donate to DVB

တွံတေးမြို့နယ်မှာ မကောင်းဆိုးဝါးဝင်ပူးတယ်လို့ဆိုကာ ရိုက်နှက်ပြီး ပယောဂကုရာမှ ကလေးငယ် ၃ ဦး သေဆုံးခဲ့တဲ့အတွက် တရားရင်ဆိုင်နေရတဲ့ ပယောဂကုဆရာ ထွန်းနိုင်ကို ဇွန်လ ၇ ရက်နေ့မှာ အပြီးသတ် အမိန့်ချမှာဖြစ်ပေမယ့် အမိန့်စာမပြီးသေးတဲ့အတွက် အပြီးသတ် အမိန့်ချမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

တောင်ပိုင်းခရိုင်တရားရုံး ဒုခရိုင် (၄)မှ တရားသူကြီးက "အပြီးသတ် အမိန့်ချဖို့အတွက် အမိန့်စာရေးတာ မပြီးသေးလို့ ရုံးချိန်း နှစ်ပတ် နောက်ဆုတ်လိုက်တာပါ။ အမိန့်ချမယ့် ရုံးချိန်းက ရှေ့ရုံးချိန်းနဲ့ ကပ်သွားတော့ အမိန့်စာရေးတာ မပြီးဖြစ်သွားတာပါ"လို့ပြောပါတယ်။

ပယောဂဆရာဖြစ်တဲ့ ထွန်းနိုင်ကို သန်လျင်မြို့နယ်ရှိ တောင်ပိုင်းခရိုင်တရားရုံး ဒုခရိုင်(၄) မှာ ဇွန်လ ၇ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှာဖြစ်ပေမယ့် တရားသူကြီးအနေနဲ့ အမိန့်စာ မပြီးသေးတဲ့အတွက် ဇွန်လ (၂၀) ရက်နေ့ကို အမိန့်ချမှတ်ဖို့ ပြောင်းလဲလိုက်တာပါ။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့က ထွန်းနိုင်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီးတော့ ပထမ သတင်းပေး တိုင်တန်းချက်မှတ်တမ်း(ပ) ၆၄၂/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၂၀၁/၃၂၃ နဲ့ အမှုဖွင့်ကာတွံတေးစခန်းမှူး ဒုတိယရဲမှူးကျော်နိုင်စိုးက တရားလိုအဖြစ် တရားစွဲတင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တရားလိုပြသက်သေ ၁၁ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်တဲ့အတွက် ဇွန်လ ၂၀ ရက်နေ့ကို အပြီးသတ်အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - စိုးယုဇော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013