DVB Logo
Home
မြန်မာသတင်း
အရှင်ဂမ္ဘီရ ပြန်လည်လွတ်​မြောက်
DVB
·
February 11, 2012
အရှင်ဂမ္ဘီရ ပြန်လည်လွတ်​မြောက်
Donate to DVB

ဖေ​ဖော်ဝါရီလ ၁၀ ရက်​နေ့​ မနက် ၁နာရီခွဲခန့်​မှာ သက်ဆိုင်ရာက လာ​ရောက် ​ခေါ်​ဆောင်သွား​တဲ့​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ သံဃာတပ်​ပေါင်း​စုအဖွဲ့​ကြီး​ရဲ့​ ဦး​ဆောင်ဆရာ​တော် အရှင်ဂမ္ဘီရ အဲဒီညပိုင်း​မှာပဲ ပြန်လည် လွတ်​မြောက်လာပါတယ်။

[caption id="attachment_21067" align="alignleft" width="300" caption="အရှင်ဂမ္ဘီရ"][/caption]

စစ်ရုံး​ချုပ်မှာ ​ခေါ်​ဆောင်​မေး​မြန်း​ပြီး​ နိုင်ငံ​တော်သံဃမဟာနာယက ဆရာ​တော်​တွေက ဩဝါဒ​ပေး​ပြီး​ ပြန်ခွင့်​ပြုလိုက်တဲ့​အတွက် ​ကျောင်း​ကို ပြန်​ရောက်​နေပြီလို့​ သင်္ဃန်း​ကျွန်း​မြို့​နယ် မဂ္ဂင်တိုက်က ​ကျောင်း​ထိုင်ဆရာ​တော် ဦး​ဣိန္ဒက က မိန့်​ပါတယ်။

“ထူး​ခြား​ချက် ဘာလဲဆို​တော့​ သူ့​ကို ​ခေါ်သွား​စဉ်မှာ စစ်ရုံး​ချုပ်မှာ ထား​ပြီး​ သူ့​ရဲ့​ ကိုယ်​ရေး​ ရာဇဝင် အနည်း​ငယ် ​တောင်း​ပြီး​တော့​ စစ်ရုံး​ချုပ်ထဲမှာပဲ ဆွမ်း​ကပ်ပြီး​တော့​ ည​နေခင်း​လောက်မှာ သံဃမဟာနာယက ဆရာ​တော်​တွေဆီမှာ ဩဝါဒခံယူခိုင်း​တယ်။”

အရှင်ဂမ္ဘီရကို ​ခေါ်​ဆောင်သူ​တွေက ရန်ကုန်တိုင်း​အစိုး​ရအဖွဲ့​ကလို့​ ​ပြောပြီး​ ပင့်​ဆောင်သွား​တာပါ။ အချိန်မ​တော် ​ခေါ်​ဆောင်သွား​တဲ့​သတင်း​ဟာ မ​နေ့​က ကမ္ဘာ့​သတင်း​တခုအဖြစ် မီဒီယာ​တော်​တော်များ​များ​မှာ ​ရေး​သား​ဖော်ပြ ထုတ်လွှင့်​သလို အ​မေရိကန်ပြည်​ထောင်စု အစိုး​ရကလည်း​ ချက်ချင်း​ ပြန်လွှတ်​ပေး​ဖို့​ ​တောင်း​ဆိုခဲ့​ပြီး​ နာရီပိုင်း​အကြာမှာ ပြန်လွတ်လာတာပါ။

အရှင်ဂမ္ဘီရ၊​ ဦး​ဣိန္ဒက အပါအဝင် သံဃာတချို့​ဟာ သမ္မတရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ​ထောင်က ပြန်လွတ်လာအပြီး​ မိမိတို့​ မူလ သီတင်း​သုံး​တဲ့​ ​ကျောင်း​တွေမှာ ပြန်လည်ဖွင့်​ပြီး​ ​နေထိုင်တဲ့​အ​ပေါ် ခွင့်​ပြုချက်မရဘဲ ပြစ်မှု ကျူး​လွန်တယ်လို့​ သက်ဆိုင်ရာက နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့​ကို တိုင်ပါတယ်။ ဒီ​နောက် ဆင့်​ခေါ်ရာမှာ ပျက်ကွက်တဲ့​အတွက် အာဏာစက်ကိုသုံး​တာ ဖြစ်နိုင်ဖွယ်ရှိပါတယ်။

အရှင်ဂမ္ဘီရဟာ ၂၀၀၇ ခုနှစ် ​ရွှေဝါ​ရောင်​တော်လှန်​ရေး​ကို ဦး​ဆောင်ရာမှာ ပါဝင်ပြီး​ ပတ္တနိက္ကုဇ္ဇနကံ​ဆောင်တာ​ကြောင့်​ အစိုး​ရက ဖမ်း​ဆီး​နှိပ်စက် လူဝတ်လဲပြီး​ ​ထောင် နှစ် ၆၀ ​ကျော်ချခံခဲ့​ရသူဖြစ်ပြီး​ ဒီနှစ်ဆန်း​ပေး​တဲ့​ သမ္မတ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လွတ်လာခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013