DVB Logo
Home
မြန်မာသတင်း
မြိတ်အဝေးပြေးကားဝင်းအတွင်း သေနတ်  ၅ ချက် ပစ်ဖောက်သူကို ၂၆ နာရီအတွင်း ဖမ်းမိ
DVB
·
June 7, 2017
Donate to DVB

မြိတ်အဝေးပြေးကားဝင်းအတွင်း ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် မိုးပေါ်သို့ သေနတ် ၅ ချက် ပစ်ဖောက်ကာ ထွက်ပြေးသွားသူအား ပူးပေါင်းအဖွဲ့မှ ၂၆ နာရီအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

အဝေးပြေးကားဝင်းအတွင်းမှာရှိတဲ့ စားသောက်ဆိုင်မှာ ဘီယာဆက်မရောင်းတာကို မကျေနပ်တဲ့အတွက် စားသောက်ဆိုင်အပြင်ထွက်ကာ မိုးပေါ်သို့ သေနတ် ၅ ချက်ပစ်ဖောက်ကာ သေနတ်သမားက ထွက်ပြေးခဲ့တာပါ။

သေနတ်ပစ်ဖောက်သွားသူကို တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု၊ ပြည်အေးကျေးရွာ နေထိုင်သူဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေ ချိတ်ဆက်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့တယ်လို့ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဦးတင်ထွန်းက ပြော ပါတယ်။

“အခင်းဖြစ်ပွားတဲ့အချိန်မှာတာဝန်သိ ပြည်သူတဦးမှ သေနတ်ပစ်တဲ့သူကို မှတ်တမ်းဓာတ်ပုံ ရိုက်ကူးထားခဲ့တယ်။ သူက ရဲတပ်ဖွဲ့နဲ့ သတင်းမီဒီယာတွေကို ကူညီပေးပို့ခဲ့တယ်။ အဲဒီဓာတ်ပုံက လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နိုင်တာပါ တနင်္သာရီမြို့နယ်မှ ရဲတပ်ကြပ်ကြီးကျော်ဆွေက အဲဒီသေနတ်သမားရဲ့ အမည်၊ လိပ်စာတွေ အပြင် ဘုတ်ပြင်းမြို့နယ်ထဲက တောင်ငယ်ကျေးရွာမှာ ရှိနေတဲ့ သူ့ဇနီးကိုလည်း စုံစမ်းနိုင်ခဲ့တယ်။ အဲဒီမှာ ခမရ ၅၆၀ တပ်ခွဲမှူး ဗိုလ်မှူးအောင်သူမင်းနဲ့ တပ်မတော်သားတွေ၊ ရဲတပ်ကြပ်ကြီး အေးဇော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေပူးပေါင်းပြီး ဖမ်းဆီးရမိခဲ့တာပါ။ တောင်ငယ် အထကခွဲ ကျောင်းဝင်းကနေ ဥယျာဉ်ခြံကိုသွားတဲ့လမ်းမှာ မိတာပါ။”

သေနတ်သမား ကျော်ဦး (၂၄ နှစ်)နဲ့အတူ ဂျာမနီနိုင်ငံလုပ် လက်ကိုင်ဒင် အမည်းရောင် ၉ မမ ပစ္စတိုတလက်၊ ကျည် ၇ တောင့်ထည့်ရတဲ့ ကျဉ်ကတ် ၁ ခု၊ သေနတ်အိတ် ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ မြန်မာငွေနဲ့ ထိုင်းဘတ်စေ့ အနည်းငယ်တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး မြိတ်မြို့ မရဲစခန်းမှ ဇွန်လ ၇ ရက်နေ့မှာ (ပ)၁၁၇၇/ ၂၀၁၇၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ)နဲ့ အမှုဖွင့် ထားသလို ဆိုင်ကယ်လိုင်စင်မရှိပါက သီးခြားအမှု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013