DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တရားမဝင်သစ်များ ဖမ်းမိ
DVB
·
June 7, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် အနောက်ဘက် ပဲခူးရိုးမတောင်ပေါ်မှာ တရားမဝင်သစ်တွေကို ဇွန် ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဖြူးမြို့နယ် သစ်တောဦးစီးဌာနက ပြောပါတယ်။

ဖြူးမြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိတဦးက “သတင်းပေး တိုင်ကြားလို့ တက်ရှာတာပါ။ အပေါ်မှာက ၄ တန်လောက် မိထားတယ်။ ဒီအောက်မှာကလည်း ၄ တန်လောက်တော့ ရှိမယ်။ တိုင်းနေပါပြီ။ အတိုင်းစာရင်း ထွက်လာရင်တော့ အတိအကျ သိရပါမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အနောက်ဘက် တောင်ပေါ် ကညင်ပင်ကွင်း၊ အုန်းလက်ချောင်းအနားမှာရှိတဲ့ ကွင်းပြင်နဲ့ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၆/၃ တွေမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း ပျဉ်းကတိုးသစ်ခွဲသား ဆိုဒ်စုံ ၁၀၈ ချောင်း ၈ ဒသမ ၅ တန်လောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဖြူးမြို့နယ် သစ်တောဦးစီးဌာနက ပြောပါတယ်။

၁၁၅ မိုင် ဆားကွန်းလမ်းမှာလည်း တရားမဝင်သစ်တွေ နေ့စဉ် ခိုးထုတ်မှုတွေ ရှိနေပြီး ဌာနဆိုင်ရာတွေကလည်း ဖမ်းဆီးအရေးယူဆောင်ရွက်မှုတွေ အားနည်းနေတယ်လို့ ဝေဖန်မှုတွေ လည်း ရှိနေပါတယ်။

ပဲခူးရိုးမတောင်ကို ၂၀၁၆ ခုနှစ်က စတင်ပြီး သစ်ထုတ်လုပ်မှုတွေ ရပ်ဆိုင်းထားပေမယ့် နေ့စဉ် တရားမဝင် သစ်ခိုးထုတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013