DVB Logo
Home
မြန်မာသတင်း
အော်တာဝါမြို့တွင်ကျင်းပသည့် ဖက်ဒရယ်ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်
DVB
·
June 7, 2017
အော်တာဝါမြို့တွင်ကျင်းပသည့် ဖက်ဒရယ်ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်
1 / 5
Donate to DVB

 

ကနေဒါနိုင်ငံမှာ တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က အော်တာဝါမြို့မှာကျင်းပတဲ့ ဖက်ဒရယ်စနစ် လေ့လာရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ကနေဒါ တရားရေးမဏ္ဍိုင်ရဲ့  အခန်းကဏ္ဍ၊ အစိုးရ အဖွဲ့အစည်းတွေအကြား ဆက်ဆံရေးမှတဆင့် ဖက်ဒရယ်စနစ်၊ လူမှုရေးဆိုင်ရာ မူဝါဒတွေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် အကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်ပြီး ကနေဒါနိုင်ငံမှ ဘာသာရပ် ကျွမ်းကျင်ပညာရှင် တွေရဲ့ ပို့ချဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါဆွေးနွေးပွဲကို မြန်မာသမ္မတရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက  ကိုယ်စားလှယ်တွေလည်း တက်ရောက်နေတယ်လို့ သိရပါ တယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ  အော်တာဝါမြို့မှ မြန်မာသံရုံး ဝန်ထမ်းတွေနဲ့ မိသားစုတွေနဲ့လည်းတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ပိုမိုတိုးတက်ခိုင်မြဲရေးအတွက် နည်းလမ်းရှာေ ဖွဆောင်ရွက်သွားဖို့နဲ့  ကနေဒါရှိ မြန်မာပြည်သူတွေရဲပ အကျိုးအတွက် ကာကွယ်စောင့်ရှောက်သွားဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013