DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာကန် ရေကျော် ၇ ပေါက်တွင် စွန့်ပစ်ထားသည့် မွေးကင်းစကလေး အသေတွေ့
DVB
·
June 7, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရန်ကုန်ဘက်အထွက် မိတ္ထီလာကန်ရေကျော် ၇ ပေါက် မြောက်ဘက်ဘေးရှိ မြေသားပေါ်မှာ ဇွန်လ ၆ ရက် နေ့လယ် ၂ နာရီလောက်မှာ မွေးကင်းစကလေး အသေ တွေ့ရတယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။

ဒုရဲအုပ် အောင်သူမင်းက “ကလေးအလောင်းတလောင်း တွေ့တယ်လို့ သတင်းရရချင်း သွားခဲ့တယ်။ ခန့်မှန်းတာကတော့ ၁၄ ရက်သားလောက်ပဲ ထင်တယ်။ ကလေးလေးက ယောကျာ်းလေးပါ”လို့ ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းမှာ အမှုအမှတ် (ပ)၂၆၁/၂၀၁၇ ကလေးအလောင်းကို တိတ်တဆိတ် စွန့်ပစ်ခြင်း၊ ဖျောက်ဖျက်ခြင်း ရာဇသတ်ကြီးပုဒ်မ ၃၁၈ နဲ့ အမှုဖွင့်ပြီး စွန့်ပစ်သူကို စုံစမ်းနေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013