DVB Logo
Home
မြန်မာသတင်း
မှောင်ခိုတင်ဆောင်လာသည့် နွားအကောင်၂၄ကောင် ဂွမြို့နယ်တွင် ဖမ်းမိ
DVB
·
June 6, 2017
Donate to DVB

ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ ကျိန္တလီကြား စေတီကွင်းကျေးရွာအနီးမှာ မှောင်ခိုတင်ဆောင်လာတဲ့ နွားအကောင် ၂၄ ကောင်နဲ့ ကားနဲ့ နွားတင်ဆောင်လာတဲ့ လူနှစ်ဦးကို ကျိန္တလီရဲစခန်းက ဖမ်းဆီးရရှိခဲ့ပါတယ်။

ဇွန် ၆ ရက်နေ့ မနက် ၁ နာရီအချိန်က နွားတွေ တရားမဝင် တင်ဆောင်လာတယ်လို့ သတင်းရတာကြောင့် အခုလို ဖမ်းဆီးခဲ့တာပါ။ နွားအထီးအကောင် ၂၄ ကောင်နဲ့ တရားခံ ၂ ဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ ကျိန္တလီရဲစခန်းက စခန်းမှူးလွင်အောင်စန်းက ဒီဗွီဘီကို ပြောပါတယ်။

“မနက် ၁ နာရီအချိန်လောက်မှာ ကားနဲ့တင်ဆောင်လာလို့ သတင်းရပါတယ်။ အဲဒီမှာ စေတီကွေ့ကျေးရွာအနားမှာ ဖမ်းမိတာပါ။ နွားက အကုန် ၂၄ ကောင်၊ အကုန် အထီးတွေပေါ့။ နွားတွေကို ကားပေါ်မှာ တင်ဆောင်လာတာပေါ့။ တရားမဝင် မှောင်ခိုသယ်ဆောင်လာတဲ့ လူ ၂ ဦးကို ကျနော်တို့ ဖမ်းဆီးထားပါတယ်။”

နွားတွေကို ကားနဲ့တရားမဝင် မှောင်ခိုသယ်ဆောင်လာတဲ့ ယာဉ်မောင်းနိုင်လင်း (အသက်၃၂ နှစ်)၊ ယာဉ်နောက်လိုက် ရန်ချမ်းအောင် (အသက်၃၂ နှစ်)တို့ကို ကျိန္တလီရဲစခန်း (ပ)၉/၂၀၁၇ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူဆောင်ရွက်နေတယ်လို့ စခန်းမှူးက ဆက်လက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်၊ မိုးကျေးရွာအုပ်စု၊ မိုးကျောက်ကြီးကွင်းရဲ့ အနောက် ၁ မိုင် ပတ်ဝန်းကျင်မှာ တဖက်နိုင်ငံပို့မယ့် နွားအထီး ၁၄၂ ကောင်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါ့အပြင် သံတွဲမြို့နယ်၊ လှေကြီးဂျိုင်ရွာနဲ့ ၂ မိုင်ဝန်းကျင်ဝေးတဲ့ ပင်လယ်ထဲမှာ မေလ ၁၁ ရက် က နွားတွေ သယ်ဆောင်လာတဲ့ စက်လှေတစီး နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး နွားအသေကောင် ၃၀ ကျော် သေဆုံးခဲ့ပါတယ်။

သတင်း-ဝဏ္ဏခွာညို ၊ ဓာတ်ပုံ- ကျော်မြင့်မောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013