DVB Logo
Home
မြန်မာသတင်း
နိုင်ငံစီးပွားရေး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်တော့မည်ဟု ဒုသမ္မတ ဦးမြင့်ဆွေပြော
DVB
·
June 6, 2017
နိုင်ငံစီးပွားရေး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်တော့မည်ဟု ဒုသမ္မတ ဦးမြင့်ဆွေပြော
Donate to DVB

 

မြန်မာ့စီးပွားရေး တိုးတက်မြင့်မားလာဖို့နဲ့  ကမ္ဘာ့ဈေးကွက်ကို ချဲ့ထွင်နိုင်ရန်   ရင်းနှီးမြှပနှ်ံမှု ဖိုရမ် ကို နေပြည်တော်ရှိ MICC 2 မှာ  ဇွန်လ ၆ ရက်နေ့က စတင်ကျင်းပနေပါတယ်။

၂ ရက်ကြာ ကျင်းပမယ့် ဒီဖိုရမ်မှာ  အစိုးရကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာ နတွေက ကိုယ်စားလှယ်တွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း ပြည်ပက လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေက “အခုလို အစိုးရနဲ့ ပုဂ္ဂလိက တိုက်ရိုက်ထိတွေ့ခွင့် ရတဲ့အတွက် အစိုးရ၊ ပုဂ္ဂလိက နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတွေကို အကောင်အထည်ဖော် နိုင်ရုံသာမက နိုင်ငံစီးပွားရေးဟာလည်း နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တော့မှာ ဖြစ်ပါတယ်” လို့  ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို အဆင်ပြေ ချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့၊ ပြည်တွင်းက ကုမ္ပဏီတွေနဲ့ နိုင်ငံတကာက စီးပွားရေး လုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့နဲ့ ကမ္ဘာ့ဈေးကွက်ကို ချဲ့ထွင်နိုင်ဖို့အတွက် ရည်ရွယ် ကျင်းပ ပြုလုပ်တာလို့ သိရပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းအချို့ရဲ့ ကြိုတင်ခန့်မှန်းချက်ကတော့ ၂၀၃၀ ခုနှစ်အထိ နိုင်ငံအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆၅၀ ဘီလီယံ ဖြစ်ပြီးတော့ အခြေခံ အဆောက်အအုံအတွက်လို အပ်တဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏကတော့ အမေရိကန်ဒေါ်လာ ၃၂၀ ဘီလီယံ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုအပ်တဲ့ ငွေကြေးပမာဏကို ပုဂ္ဂလိက ကဏ္ဍကို ဖိတ်ခေါ်ပြီး အစိုးရနဲ့ ပုဂ္ဂလိက အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖြည့်ဆည်းပေးရမှာ ဖြစ်တယ်လို့  ဒုသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ကိုင် ဆောင်ရွက်မှုအဆင့်ဟာ ဆိုရင် ကမ္ဘာ့ဘဏ်ရဲ့ Doing Business Report (၂၀၁၄) အစီရင်ခံစာအရ ၁၈၂ ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ် အစီရင်ခံစာမှာတော့ အဆင့် ၁၇၀ ကို တက်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013