DVB Logo
Home
မြန်မာသတင်း
ရခိုင်မြောက်ပိုင်းမှ နေရပ်ပြန်လာသူများ အမိုးအကာ အရေးပေါ်လိုအပ်
DVB
·
June 6, 2017
ရခိုင်မြောက်ပိုင်းမှ နေရပ်ပြန်လာသူများ အမိုးအကာ အရေးပေါ်လိုအပ်
Donate to DVB

 

ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရပ်ပြန်လာသူတွေအတွက် လတ်တလောမှာ အမိုးအကာတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ပါတယ်။

မွတ်စလင်တွေအပါအဝင် ရခိုင်၊ ဒိုင်းနက်နဲ့ မြိုအုပ်စုတွေ လူပေါင်း နှစ်သောင်းကျော်ဟာ အစိုးရက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတုန်းမှာ နေရပ်က စွန့်ခွာတိမ်းရှောင်ခဲ့ကြပြီး အခု အများစုက ပြန်လာနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နေအိမ်တွေအများအပြား မီးလောင်တာ၊ ထိခိုက်ပျက်စီးတာနဲ့ ဖြိုဖျက်တာတွေ ကြောင့် နေစရာအမိုးအကာတွေ အရေးပေါ်လိုနေတယ်လို့ OCHA ကဆိုပါတယ်။

ဒုက္ခရောက်နေတဲ့ မိသားစု ၁၁၀၀ ကျော်အတွက် စံပြရွာ ၁၃ ရွာ ထူထောင်ဖို့ အစိုးရက စီစဉ်နေပေမယ့် အရင်ကထက်သေးငယ်တဲ့ မြေကွက်တွေနဲ့နေရာချထားပေးတဲ့အပေါ် အဆင်မပြေကြဘူးလို့လည်း  OCHA အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သွားလာခွင့် လုပ်ထုံးလုပ်နည်းအသစ်တွေ စတင်လိုက်တဲ့နောက်ပိုင်းမှာ နိုင်ငံတကာ ဝန်ထမ်းတွေ အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ဝန်ထမ်းတွေအတွက် အကူအညီ ပေးရေးသွားလာခွင့်တွေ တိုးတက်လာတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013