DVB Logo
Home
မြန်မာသတင်း
အဝေးပြေးမှန်လုံကားဖြင့်တင်လာသည့် တရားမဝင်ကျွန်းတံခါးချပ်များဖမ်းမိ
DVB
·
June 6, 2017
အဝေးပြေးမှန်လုံကားဖြင့်တင်လာသည့် တရားမဝင်ကျွန်းတံခါးချပ်များဖမ်းမိ
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ကုန်းပြင်နယ်မြေရဲတပ်ဖွဲ့စခန်းအပိုင် ရေနံသာ စစ်ဆေးဂိတ်မှာ ဇွန် ၆ ရက် မနက် ၁ နာရီလောက်မှာ မြန်အောင်ဘက်ကနေ ရန်ကုန်သို့သွားတဲ့ ကနောင်မင်းသား အဝေးပြေးကားရဲ့ အောက်ပိုင်း အံဝှက်ထဲမှာ တရားမ၀င် သယ်ဆောင်လာတဲ့ ကျွန်းတံခါး ဆိုဒ်စုံ (၂၃)ချပ်ကို ဖမ်းမိခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုရဲအုပ်စိုးလွင်က"အဓိကတော့ မူယစ်ဆေးဝါးနဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို ရှာဖွေတာပါ။ အဲလို ရှာရင်းကနေ ကားရဲ့ ဆီတိုင်ကီကို ခေါက်ကြည့်တော့ ဆီထည့်တာမျိုးမဟုတ်ပဲ အခွံသံထွက်နေလို့ ဖွင့်ခိုင်းကြည့်တာ ဆီတိုင်ကီရဲ့ဘေးမှာ အံဝှက် လုပ်ပြီး ထည့်လာတာ အဲတာတွေရှာတွေတာပဲ။ ကျွန်းတံခါးဆိုဒ်အစုံ ၂၃ ချပ်ကို ဖမ်းမိတာပါပဲ အံဝှက်ကို မူလီလေးလုံးနဲ့အပေါ်က ပိတ်ထားတာပါ" လို့ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ကျွန်းတံခါးတွေတန်းဖိုးငွေကတော့ ကျပ် ၃ သိန်းကျော်ရှိမယ်ခန့်မှန်းပြီး ရဲစခန်းက သစ်တောဥပဒေပုဒ်မ ၄၃ (က) ခွင့်ပြုချက်မရှိတဲ့ သစ်တောထွက်ပစ္စည်းတွေ ခိုးယူသယ်ဆောင်မှုနဲ့ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013