DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ နေအိမ်များပျက်စီး
DVB
·
June 6, 2017
တောင်ကြီးမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ နေအိမ်များပျက်စီး
1 / 9
Donate to DVB

 

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် တောင်လေးလုံးကျေးရွာအုပ်စု ဖိုင်လုံ (ဆည်ကြီး) ကျေးရွာမှာ ယမန်နေ့ညနေပိုင်းက မိုးသည်းထန်ပြီးလေပြင်းတွေပါ တိုက်ခတ်တဲ့အတွက် သစ်ပင်တွေ လဲပြို၊ နေအိမ်တွေ ပျက်စီးသွားပါတယ်။

မနေ့ညနေ ၄ နာရီလောက်ကစပြီး ၆နာရီလောက်ထိ မိုးစရွာပြီး လျှပ်စီးလက်၊ မိုးသီးကြွေ လေပြင်းပါတိုက်ခတ်လို့ အိမ်ခေါင်မိုးက သွပ်တွေအကုန် အဝေးကိုလွင့်ကုန်တာလို့  ဖိုင်လုံရွာသား စိုင်းခေးက ပြောပါတယ်။

“မနေ့က ကျနော်အပြင်က ပြန်လာတော့ မိုးမိလာတယ်။ အိမ်လည်းရောက်ရော မိုးက တဖြည်းဖြည်းပိုကြီးလာတယ်၊ မိုးခြိမ်း၊ လျှပ်စီးလက်၊ မိုးသီးတွေလည်းပါ။ ညနေ ၅ နာရီေ လာက်ကျတော့ လေပြင်းပါတိုက်လာတာ။ ကျနော်တို့အိမ်တော့ ကံကောင်းလို့ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ရွာထဲက အိမ်ခြေ ၁၂ လုံး ခေါင်မိုးတွေအကုန်လှန်ပြီး  လွင့်ကုန်တယ်။ ဟိုးအဝေးကြီးထိ လွင့်သွားတာ၊ မခိုင်ခံ့တဲ့အိမ်ဆို တိုင်ပါနဲ့ပြီးစောင်းသွားတယ်။  ပန်းစိုက်ရောင်းတဲ့ အိမ်ကဆို တ အိမ်လုံး ပြိုကျတယ်။ ပျက်စီးတဲ့အိမ်ကလူတွေ ငိုတဲ့လူကငိုပေါ့။ မနေ့ညက သူတို့အိမ်မှာ အိပ်လို့ မရလို့  ဆွေမျိုးတွေဆီ သွားအိပ်ရတယ်။”

ဒီလေပြင်းဒဏ်ခံလိုက်ရတဲ့ မိသားစုတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက လာရောက်ကြည့်ရှုအားပေးကူညီတာ မရှိသေးကြောင်း၊ ရွာသားတွေကတော့ ကိုယ့်အားကိုယ်ကိုးနဲ့ ဒီကနေ့မှ သူ့အိမ်ကိုယ့် အိမ် စပြီးပြင်ဆင်နေကြပြီလို့ ရွာသားက ပါတယ်။

ဖိုင်လုံရွာမှာ အိမ်ခြေ ၆၀ ကျော်ရှိပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြတာဖြစ်ပါတယ်။

လေဘေးဒဏ်ခံလိုက်တဲ့တဲ့ အိမ်တွေမှာ စားဝတ်နေရေးခက်ခဲရတဲ့အထဲ အိမ်ပါပျက်စီးလို့ အိမ်ပြန်ပြင်ရေးအကူအညီတွေ လိုအပ်နေတာကြောင့် ကူညီလိုသူတွေအနေနဲ့  ကျေးရွာလူငယ်အဖွဲ့မှ စိုင်းခေး ဖုန်းနံပတ် ၀၉ ၄၅၆၄ ၉၈၄၅၆ ကို ဆက်သွယ်ကူညီနိုင်ပါတယ်။

ဓာတ်ပုံများ -စိုင်းခေး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013