DVB Logo
Home
မြန်မာသတင်း
အမျိုးသားကျန်းမာရေးအာမခံစနစ် တည်ထောင်ရန်ကိစ္စ လွှတ်တော်၌ ဆွေးနွေးမည်
DVB
·
June 6, 2017
အမျိုးသားကျန်းမာရေးအာမခံစနစ် တည်ထောင်ရန်ကိစ္စ လွှတ်တော်၌ ဆွေးနွေးမည်
Donate to DVB

 

အမျိုးသားကျန်းမာရေး အာမခံစနစ် တည်ထောင်ဆောင်ရွက်သွားဖို့ နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုနဲ့ပတ်သက်ပြီး လက်ခံဆွေးနွေးဖို့  ပြည်သူ့လွှတ်တော်က သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။

ရေကြည်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာဦးစံရွှေဝင်း တင်သွင်းတဲ့ အဆိုနဲ့ပတ်သက်ပြီး  ဇွန်လ ၅ ရက်နေ့   ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ လူတိုင်းလက်လှမ်းမီတဲ့  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ် (Universal Health Coverage) ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့၊  ဆင်းရဲနွမ်းပါးသူတွေအပါအဝင် နိုင်ငံသားတိုင်း ထိရောက်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ အချိန်မီရရှိစေဖို့နဲ့  အဆိုပါ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ ရန်ပုံငွေတွေ လုံလောက်စွာ ရရှိနိုင်ဖို့ အတွက်ဖြစ်တယ်လို့ သိရပါတယ်။

ဒီအဆိုနဲ့ပတ်သက်ပြီး လွှတ်တော်က လက်ခံ ဆွေးနွေးဖို့  သဘောတူကြောင်း ဆုံးဖြတ်ပြီး အဆိုနဲ့ စပ်လျဉ်းပြီး  ဆွေးနွေးလိုတဲ့  လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်း တင်သွင်းကြဖို့လည်း အသိပေးကြေညာထားပါတယ်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့  ဆေးရုံတွေ အသစ်တည်ဆောက်ပေးနေရာမှာ  ဘဏ္ဍာရန်ပုံငွေ ပေါ်မူတည်ပြီး  ဦးစားပေးအစီအစဉ်အတိုင်း တစ်နှစ်လျှင် စံကိုက်တိုက်နယ်ဆေးရုံ (၄၀) ယူနစ်လောက်သာ  ဆောက် လုပ်ပေးနိုင်ခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက မနေ့က ပြည်သူ့လွှတ်တော်မှာ ပြောသွားပါတယ်။

ဒ့ါအပြင် လက်ထောက်ကျန်းမာရေးမှူးတွေ အပါအဝင် သားဖွားဆရာမတွေနဲ့ အခြေခံ ကျန်းမာရေးဝန်ထမ်းတွေအားလုံးအတွက် “လုပ်ငန်းခွင်လုံခြုံရေးအတွက် ကာကွယ်ပေးသည့် ဥပဒေ” တရပ်ပေါ်ထွန်းလာဖို့  မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံ သူနာပြုသားဖွား ကောင်စီ၊ မြန်မာနိုင်ငံသူနာပြု သားဖွားအသင်းတွေနဲ့ ညှိနှိုင်းဆောင်ရွက် သွားမယ်လို့လည်း ၀န်ကြီးကပြောသွားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013