DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ရွာအချို့တွင် ကြွက် အများအပြား ဝင်ရောက်နေ
DVB
·
June 6, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်ထဲက  ရွာတချို့မှာ ကြွက်တွေ အများအပြား ဝင်ရောက်နေလို့ နှိမ်နင်းသတ်ဖြတ် ရှင်းလင်းပစ်နေရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ကြွက်တွေ စတင်ဝင်ရောက်လာတဲ့ ပထမဆုံးကျေးရွာ ဇီးချိုင်ရွာ ဒေသခံ မခင်သန်းဝင်းက “ဒီနေ့နဲ့ဆို ၄ ရက်ရှိပြီ။ ရွာကလူတွေက သတ်ကြပေမယ့် ရှိနေတုန်းပဲ။ ခုဆိုရင် တခြားရွာတွေကိုလည်း ရောက်သွားပြီ” လို့ ပြောပါတယ်။

ကြွက်တွေဟာ အပင်တွေပေါ်မှာ နေကြပြီး ညဘက်ရောက်မှ အောက်ဆင်းကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်ထိမှာတော့ ဇီးချိုင်အပြင် နောက်ထပ် ရွာ ၄ ရွာလောက်ကိုလည်း ကြွက်တွေ ဝင်ရောက်နေပြီ ဖြစ်ပါတယ်။

“မနေ့က မနက်ပိုင်းက စပြီးရောက်လာတာ။ တနေကုန် ပစ်ကြတာ ည ၈ နာရီခွဲလောက်မှာ အကောင် ၈၀၀ ကျော် ရတယ်။ သူတို့က အပင်တွေပေါ်မှာ စာကလေးအုပ်တွေလိုပဲ နေကြတာ။ အခု လူတွေက မီးခိုးမှိုင်းတိုက်တာတို့ စတဲ့ နည်းတွေနဲ့ ရှင်းဖို့ ကြိုးစားနေတယ်” လို့ ကျောက်ချောင်းရွာ ဒေသခံ ဦးမြဇော်က ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေကတော့ ကြွက်တွေ ၀င်ရောက်လာတဲ့ နေရာတွေမှာ ပိုးသတ်ဆေးဖြန်းတာစတဲ့  သန့်ရှင်းရေး လုပ်ပေးကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဟိုင်းကြီးကျွန်းမြို့ရှိ ဇီးချိုင်ကျေးရွာမှာ  ဇွန် ၃ ရက်ကစလို့ ကြွက်ဝမ်းဖြူတွေ စုလိုက်အပြုံလိုက်တွေ့ရှိခဲ့ပြီး ဇွန် ၅ ရက်မှာတော့  ကံချိုင်ကျေးရွာအုပ်စုနဲ့ ကျောက်ချောင်းကျေးရွာအုပ်စုတွေမှာ ထပ်မံတွေ့ရှိခဲ့တာဖြစ်ကြောင်းနဲ့ ယခုအချိန်ထိ စုစုပေါင်း ကြွက် အကောင်ရေ ၁၆၆၇ လောက်ကို စနစ်တကျ မြေမြှုပ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ အစိုးရ ပြန်ကြားရေး သတင်းမှာဖော်ပြပါတယ်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကတော့ အခုလို ကြွက်တွေ အစုလိုက် ပြောင်းရွှေ့ကြတာကို နှစ်ကြိမ် ကြုံဖူးပြီး တကြိမ်က ဝါးသီး သီးချိန် အစာရေစာပေါလို့ ဖြစ်နိုင်ကြောင်း၊ နောက်တကြိမ်ကတော့ နာဂစ်အပြီးမှာ အစာရေစာ ပြတ်တောက်လို့ လယ်ကွင်းတွေထဲကို ကြွက်တွေ ပြောင်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ  မြေငလျင်ကြောင့်လည်း ဖြစ်နိုင်သလို တခြားသော အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဓာတ်ပုံ - MOI Webportal Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013