DVB Logo
Home
မြန်မာသတင်း
အဖွဲ့ချုပ် နာယက ဦးတင်ဦးကို နိုင်ငံတော်သမ္မတက လာရောက်ကြည့်ရှုအားပေး
DVB
·
June 6, 2017
အဖွဲ့ချုပ် နာယက ဦးတင်ဦးကို နိုင်ငံတော်သမ္မတက လာရောက်ကြည့်ရှုအားပေး
1 / 6
Donate to DVB

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးကုသဆောင်မှာ တက်ရောက်ဆေးကုသမှုခံယူနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီကနေ့ လာရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။

နိုင်ငံတော် သမ္မတနဲ့ ဇနီးဒေါ်စုစုလွင်နဲ့အတူ ဒေါက်တာတင်မျိုးဝင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်  ဦးဖြိုးမင်းသိန်းတို့လည်း ဆေးရုံကို အတူလိုက်ပါလာခဲ့ကြပါတယ်။

အသက် ၉၁ နှစ်အရွယ်ရှိ သူရဦးတင်ဦးဟာ ဦးနှောက်သွေးကြောပိတ် လေဖြတ်ရောဂါနဲ့ မေလ ၁၈ ရက်ကတည်းက ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရ ဦးတင်ဦးကို ဇွန်လ ၃ရက်နေ့ ညနေပိုင်းမှာ နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှုခဲ့ပါတယ်။

ဦးတင်ဦးရဲ့ ကျန်းမာရေးအခြေအနေဟာ လက်ယာဘက်ခြမ်းမလှုပ်ရှားနိုင်၊ စကားပီသစွာ မပြောနိုင် ပေမယ့် သတိကောင်းစွာရနေပြီး ဆိုးရွားတဲ့အခြေအနေ မတွေ့ရဘူးလို့ ရန်ကုန်ဆေးရုံအုပ်ကြီးက ပြောထားပါတယ်။

ဓာတ်ပုံ၊ သတင်း - လွင်မှိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013