DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ပွဲ ပြန်လည်ဖြစ်ပွားမှု ၆ နှစ်ပြည့်အခမ်းအနား ရန်ကုန်တွင် ကျင်းပ
DVB
·
June 6, 2017
ကချင်စစ်ပွဲ ပြန်လည်ဖြစ်ပွားမှု ၆ နှစ်ပြည့်အခမ်းအနား ရန်ကုန်တွင် ကျင်းပ
Donate to DVB

 

ကချင်ပြည်နယ်မှာ စစ်ပွဲတွေပြန်လည်ဖြစ်ပွားမှု ၆ နှစ်ပြည့်(6th Anniversary of Resumed War in Kachin Region)အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းက ကျင်းပနေပါတယ်။

ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ကစတင်ပြီး မြန်မာ့တပ်မတော်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော်(ကေအိုင်အေ) အကြားမှာတိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာဖြစ်ပြီး လာမယ့် ဇွန်လ ၉ ရက်နေ့ဆို ၆ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

စစ်ပွဲတွေကြောင့် ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်က စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေး ဒုက္ခသည် ၁ သိန်းခွဲကျော်ဟာ လက်ရှိအချိန်အထိ ခိုလူံနေရဆဲဖြစ်ပြီး နှစ်ကာလ ကြာရှည်လာ တာကြောင့် အစားအစာ၊ နေရာထိုင်ခင်းအတွက် အမိုးအကာ ကျန်းမာရေး၊ ပညာရေး အကူအညီ တွေ အရေးပေါ်လိုအပ်နေတယ်လို့ ကချင်စစ်ဘေးဒုက္ခသည်ကူညီသူတွေက ပြောပါတယ်။

သတင်း-ထွန်းထွန်းသိန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013