DVB Logo
Home
မြန်မာသတင်း
တောင်ဥက္ကလာပမြို့နယ်ရှိ ကျူးကျော် ၃၀၀၀ ခန့်ကို စမတ်ကတ် ထုတ်ပေးမည်
DVB
·
June 6, 2017
တောင်ဥက္ကလာပမြို့နယ်ရှိ ကျူးကျော် ၃၀၀၀ ခန့်ကို စမတ်ကတ် ထုတ်ပေးမည်
Donate to DVB

တောင်ဥက္ကလာပမြို့နယ်ထဲက ကျူးကျော် ၃၀၀၀ ဝန်းကျင်ကို ဇွန်လ ၈ ရက်နေ့မှာ စမတ်ကတ်တွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

တောင်ဥက္ကလာပမြို့နယ်ထဲက ကျူးကျော်တွေကို မူလက ဒီနေ့ ဇွန်လ ၆ ရက်နေ့မှာ စမတ်ကတ်တွေ စထုတ်ပေးဖို့ စီစဉ်ခဲ့တာပါ။

တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီး (၂) ကိုယ်စားလှယ် ဦးမိုးမြင့်က “ဇွန်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ထုတ်ပေးဖို့ ပြောင်းလိုက်ပါတယ်။ တောင်ဥက္ကလာပမြို့နယ်တခုလုံးမှာ တိုင်းဒေသကြီး နှစ်ဖက်က ကျူးကျော်တာ ပိုများပါတယ်။ မြို့နယ်တခုလုံးအနေနဲ့ ကျူးကျော် ၃၀၀၀ လောက်ရှိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲက ကျူးကျော်တွေ၊ ကျူးကျော်နေထိုင်သူများ ဖြစ်ကြောင်း အသိအမှတ်ပြု  စမတ်ကတ်တွေကို အဖွဲ့ ၈ ဖွဲ့နဲ့ ထုတ်ပေးနေတာ ဖြစ်ပါတယ်။

စမတ်ကတ်တွေကို မြို့နယ်၁၃ မြို့နယ်က ကျူးကျော်တွေကို ထုတ်ပေးပြီးစီးခဲ့ပြီး ၁၄ မြို့နယ် ကျန်ရှိနေပါတယ်။

တိုင်းဒေသကြီးအစိုးရရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးမှာ ကျူးကျော် အိမ်ထောင်စု ၁၁၀၀၀၀ ကျော် လူဦးရေ ၃၃၀၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013