
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားနဲ့ ၂၂ နှစ်ကြာ ဝေးကွာနေပြီး အခု ၁၀ မှတ်ဖြတ် ဦးဆောင်နေပေမဲ့ ကြားနေပရိသတ်တွေက သူတို့ ဖလားရမှာကို မလိုလားကြဘူးလို့ အွန်နရီက ဆိုပါတယ်။
အွန်နရီက “လူအတော်များများက အာဆင်နယ်ကလွဲရင် ဘယ်သူပဲရရ” ဆိုတဲ့ စိတ်မျိုး ဖြစ်နေကြတယ်လို ပွင့်ပွင့်လင်းလင်း ပြောခဲ့တာပါ။
ကာရေဂါကလည်း ဒါကို ထောက်ခံပြီး အာတေတာရဲ့ ကွင်းဘေးက အပြုအမူတွေနဲ့ အသင်းရဲ့ ကစားဟန်က တခြားသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေတာမျိုး ရှိနိုင်တယ်လို သုံးသပ်ပါတယ်။
ဘရိုက်တန်နည်းပြကလည်း အာဆင်နယ်ဟာ အနိုင်ရဖို့အတွက် အချိန်ဆွဲတာမျိုးနဲ့ နည်းလမ်းမျိုးစုံ သုံးနေတယ်လို ဝေဖန်ထားပေမဲ့ ဒေးဗစ်မွိင်းစ်ကတော့ အာဆင်နယ်ရဲ့ အောင်မြင်မှုကို ချီးကျူးသင့်တယ်လို ကာကွယ်ပြောဆိုသွားပါတယ်။










