DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ကနေဒါနိုင်ငံ ရောက်ရှိ၊ ဖက်ဒရယ်အရေးဆွေးနွေးမည်
DVB
·
June 6, 2017
ဒေါ်အောင်ဆန်းစုကြည် ကနေဒါနိုင်ငံ ရောက်ရှိ၊ ဖက်ဒရယ်အရေးဆွေးနွေးမည်
1 / 5
Donate to DVB

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အဖွဲ့ဟာ  ကနေဒါနိုင်ငံ ၀န်ကြီးချုပ်ဂျက်စတင် ထရူးဒိုးရဲ့ ဖိတ်ကြားချက်အရ  ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ရောက်ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၅ ရက်ကနေ ၉ ရက်အထိ ကနေဒါနိုင်ငံကို တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်နေတာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံကနေ တဆင့် လေကြောင်းနဲ့ သွားရောက်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို  တိုရွန်တိုမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်၊ အွန်တိုရီယိုပြည်နယ်အခြေစိုက် မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် ဘရိုင်ယန် ဝေးလ်ဖတ်စ် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြတယ်လို့ အစိုးရပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေတ္တတည်းခိုမယ့်  ရွိုင်ယယ်ယော့ဟိုတယ်သို့ ရောက်ရှိကြရာ မှာ ကနေဒါနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ကြိုဆိုနှုတ်ဆက်ကြတယ်လို့လည်းဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ  ဇွန်လ ၇ ရက်နေ့မှာ  ကနေဒါဝန်ကြီးချုပ်  ဂျက်စတင် ထရူးဒိုးနဲ့ တွေ့ဆုံပြီး  မြန်မာပြည်ရဲ့ ဖက်ဒရယ်အရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ အပြင် ဒေသတွင်းငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိစ္စတွေ၊  ဒီမိုကရေစီရေး၊ ကောင်းမွန်းသောအုပ်ချုပ်ရေး၊ လူ့အခွင့်အရေးမြှင့်တင်ရေးကိစ္စတွေ ဆွေးနွေးဖို့ရှိတယ်လို့ ကနေဒါ ၀န်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသားငြိမ်းချမ်းရေးမြှင့်တင်ဖို့ ကနေဒါအနေနဲ့  အခိုင်အမာရပ်တည်နေတဲ့အကြောင်းနဲ့ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်ဖြစ်ဖို့နဲ့ အထူးသဖြင့် တိုင်းရင်းသားတွေ၊ လူနည်းစုတွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေကို ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ ကနေဒါဝန်ကြီးချုပ်က ထုတ်ပြန်ချက်မှာပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို  ကနေဒါနိုင်ငံက  ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် ပေးအပ် ချီးမြှင့်ထားတာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013