DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 5, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ပဲဆီ
မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲဆီ ၁ ပိဿာကို ငွေကျပ် ၃,၈၀၀ ကနေ ၄,၅၀၀ ကျပ်ဈေးရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ ဈေးနဲ့ယှဉ်ရင်တော့ ၁ ပိဿာကို ကျပ် ၈၀ ဈေးတက်သွားပါတယ်။

ပဲတီစိမ်း
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲတီစိမ်း ၁ ပိဿာကို ငွေကျပ် ၁,၄၀၀ ကနေ ၂,၂၅၀ ကျပ် ဈေးရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ ဈေးနဲ့ယှဉ်ရင်တော့ ၁ ပိဿာကို ၄၅ ကျပ် ဈေးတက်သွား ပါတယ်။

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၈၃၄,၀၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ ဈေးနဲ့နှိုင်းယှဉ်ရင် ၁ တန်ကို ၄၃,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ၁ တန်ကို ငွေကျပ် ၆၃၆,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၅,၀၀၀ ကျပ် ဈေးတက်သွားပါတယ်။

ကုလားပဲခြမ်း
ကုလားပဲခြမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၂,၆၅၀ ကနေ ၂၇၀၀ ကျပ်ထိ ပေါက်ဈေးရှိနေပြီး ၁ ပိဿကို ၁၀၀ ကျပ် ဈေးကျသွားပါတယ်။

သကြား
သကြားကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁,၁၁၀ ကနေ ၁,၄၉၀ ကျပ်ပေါက်ဈေးရှိနေပြီး ကျပ် ၈၀ ဈေးကျသွားပါတယ်။

ကြက်သွန်ဖြူ (အောင်ပန်း၊တောင်ကြီး)
ကြက်သွန်ဖြူ(အောင်ပန်း၊တောင်ကြီး)ကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၂,၇၀၀ ကနေ ၃,၈၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်သွားပါတယ်။

အာလူး
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ အာလူး(ဟဲဟိုး)ကတော့ ၁ ပိဿာကို ငွေကျပ် ၃၀၀ ပေါက်ဈေးရှိပြီး ၈၀ ကျပ် ဈေးကျသွားပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013