DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ပတ်​ဝန်းကျင်​ထိန်းသိမ်း​ရေး​နေ့ အထိမ်းအမှတ်ဆွေးနွေးပွဲ ရန်ကုန်တွင် ကျင်းပ
DVB
·
June 5, 2017
ကမ္ဘာ့ပတ်​ဝန်းကျင်​ထိန်းသိမ်း​ရေး​နေ့ အထိမ်းအမှတ်ဆွေးနွေးပွဲ ရန်ကုန်တွင် ကျင်းပ
Donate to DVB

 

နှစ်စဉ် ဇွန်လ ၅ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day)အထိမ်းအမှတ်ဆွေးနွေးပွဲကို ရန်ကုန်မြို့ လှည်းတန်းဦးထွန်းလင်းခြံလမ်းက Comrge ရုံးမှာ ကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲကို စိမ်းလန်းအိမ်က စီစဉ်ကျင်းပတာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စာရေးဆရာ ကိုရင်လှနဲ့အတူ စည်ပင်လူငယ်အဖွဲ့ကလည်း သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးဖို့ ဆွေးနွေးခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day)ကို ၁၉၇၂ခုနှစ်၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကနေ စတင်သတ်မှတ်ခဲ့တာဖြစ်ပြီး ၁၉၇၄ ခုနှစ်မှစတင် ကာ နှစ်စဉ်ဇွန်လ ၅ရက်နေ့တိုင်း နိုင်ငံအသီးသီးမှ အစိုးရဌာနတွေ၊ အဖွဲ့အစည်းတွေက အထိမ်းအမှတ် အခမ်းအနား၊ လှုပ်ရှားမှုအစီအစဉ်တွေ ကျင်းပခဲ့ကြတာပါ။

ဒီနှစ်ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ပုဒ်ကတော့ 'Connecting People to Nature' ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013