DVB Logo
Home
မြန်မာသတင်း
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်း
DVB
·
June 5, 2017
Donate to DVB

သဘာဝသယံဇာတတွေကို နောင်လာနောက်သားတွေအတွက် အမွေပေးနိုင်အောင် စနစ်တကျထိန်းသိမ်းဖို့ လိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လယ်/ဆည်ဝန်ကြီး ဦးကမ်ဇာမုန်က ပြောပါတယ်။

ဇွန် ၅ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဦးစီးပြီး မုံရွာမြို့၊ မြစန္ဒာခန်းမမှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လယ်/ဆည်ဝန်ကြီး ဦးကမ်ဇာမုန်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ဥပဒေချုပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ လယ်/ဆည်ဝန်ကြီး ဦးကမ်ဇာမုန်က “ပျက်စီးယိုယွင်းလာနေတဲ့ သဘာဝပတ်ဝန်းကျင်ကို ဌာနဆိုင်ရာတွေ၊ ပြည်သူတွေ ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝအရင်းအမြစ်တွေ၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့မှုတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုတယ်၊ လက်ရှိအချိန်မှာ သဘာဝသယံဇာတတွေကို အကျိုးရှိစွာ၊ ထိရောက်စွာ သုံးစွဲရမှာဖြစ်ပြီး နောက်နှစ်ပေါင်းများစွာ ရေရှည်တည်တံ့စေရန် လက်ဆင့်ကမ်းအမွေပေးနိုင်အောင် စနစ်တကျ ထိန်းသိမ်းကာကွယ်ဖို့နဲ့ ဥပဒေစည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်တွေကို အလေးအနက် လိုက်နာဆောင်ရွက်ကြဖို့” မိန့်ခွန်းမှာ တိုက်တွန်းပြောကြားသွားပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ၁၉၉၄ ခုနှစ်က စတင်ပြီး နိုင်ငံအနှံ့မှာ အခမ်းအနားကျင်းပတာ၊ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးတာတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

ခုနောက်ပိုင်း မြန်မာနိုင်ငံမှာ သဘာဝဘေးဒဏ် သိသိသာသာ ခံစားလာနေရပြီး သဘာဝဘေးအန္တရာယ် ကျရောက်မှု အဆိုးဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့ အခမ်းအနားမှာ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ စာစီစာကုံး ပြိုင်ပွဲမှာ ဆုရရှိသူတွေကို ဆုများချီးမြှင့်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးနေမှု သရုပ်ဖော် ဗွီဒီယိုပြသတာ၊ အမှတ်တရဓာတ်ပုံ ရိုက်ကူးတာ ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013