DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများအတွက် လူမှုကွန်ရက်ဆိုင်ရာ အခြေခံသင်တန်း ဧရာဝတီတိုင်းတွင် ဖွင့်လှစ်
DVB
·
June 5, 2017
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတနဲ့ ဇလွန်မြို့တွေမှာ ဒေသခံ အမျိုးသမီးတွေကို  Geek Girls Myanmar အဖွဲ့က  လူမှုကွန်ရက်ဆိုင်ရာ အခြေခံနဲ့ သိသင့်သိထိုက်စရာတွေနဲ့ ဖွံ့ဖြိုးရေးသင်တန်းတွေ ပေးနေပါတယ်။

သင်တန်းဖြစ်မြောက်အောင် စီစဉ်သူ ဦးသာယာဆီက “ဟင်္သာတ၊ ဇလွန် အမျိုးသမီး စုစုပေါင်း ၁၀၀ ယောက်လောက် တက်ရောက်ခဲ့ပြီး အမျိုးသမီးတွေအတွက် နည်းပညာစိန်ခေါ်မှု၊ လူမှုကွန်ရက်ဆိုင်ရာ ကောင်းကျိုးဆိုးကျိုးတွေ၊ နေ့စဉ် ဖြတ်သန်းမှုဘဝ၊ အင်တာနက်နဲ့ စီးပွားရေး၊ တဦးချင်းဖွံ့ဖြိုးမှု မြှင့်တင်ရေးတွေကိုပါ ဆွေးနွေးပို့ချခဲ့ကြပြီး  Geek Girls Myanmar မှ ဒေါ်စန္ဒီစိန်သိန်း၊ ဒေါ်ခင်မြတ်နိုး၊ ဒေါ်မေလှိုင်းဖြူ တို့က ဦးဆောင်ဆွေးနွေးခဲ့တယ်”လို့ ပြောပါတယ်။

သင်တန်းပို့ချသူ ဒေါ်စန္ဒီစိန်သိန်းက “အမျိုးသမီးများရဲ့ စွမ်းဆောင်ရည် မြင့်မားလာစေရေး၊ ဦးဆောင်မှုနယ်ပယ်နဲ့ နည်းပညာနယ်ပယ်တွေမှာ တက်ကြွစွာ ပါဝင်လာစေရေးအတွက် Workshop Tour တွေ ပြုလုပ်ပြီး ဆွေးနွေးပို့ချမှုများကို လုပ်ဆောင်တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှစပြီး မြန်မာနိုင်ငံအနှံ့ ပြုလုပ်ခဲ့တယ်။ ၁၃ မြို့ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ တယ်။ ဧရာဝတီတိုင်းမှာလည်း ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ ဇလွန်မြို့တွေမှာ ဖွင့်လှစ်ခဲ့ပြီး ငွေဆောင်တမြို့တည်းသာ ကျန်ပါတယ်။ ရည်ရွယ်ချက်ကတော့ နယ်မှာရှိတဲ့ အမျိုးသမီးတွေ ဖေ့ဘွတ်ခ်သုံးပြီးဖြစ်လာတဲ့ ပြဿနာတွေ၊ အင်တာနက်ကို နေ့စဉ် ဖြတ်သန်းမှုဘဝမှာ အကျိုး ရှိအောင် ဘယ်လိုအသုံးချရမလဲ ဆိုတာကို ပိုပြီးသိစေချင်တာမျိုး ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဟင်္သာတမြို့ ခိုလှုံရာပရဟိတက သင်တန်းတက်ရောက်သူ မသင်းရွေဇင်လှိုင်က “အင်တာနက် သုံးစွဲနေသူ မိန်းကလေးတွေအားလုံး သိသင့်သိထိုက်တာတွေ၊ အွန်လိုင်းက ခြိမ်းခြောက်တာတွေ၊ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာရင် အမျိုးသမီးတယောက်အနေနဲ့ ဘယ်လို ကာကွယ်ဖြေရှင်းရမှာတွေကိုပါ ဆွေးနွေးပို့ချခဲ့ပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်ရှိတဲ့ အမျိုးသမီးအဖြစ် ရပ်တည်နိုင်ဖို့ တည်ဆောက်တာတွေ၊ အွန်လိုင်းအသုံးပြုခြင်းနဲ့ မိမိရဲ့ နယ်ပယ်မှာ အကျိုးရှိအောင် အသုံးချရမည့်နည်းများကိုပါ ဆွေးနွေးပို့ချခဲ့တယ်”လို့ ပြောပါတယ်။

အဆိုပါသင်တန်းကို ဇွန် ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ ဖွင့်လှစ် ပို့ချပေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013