DVB Logo
Home
မြန်မာသတင်း
စိုက်ပျိုးခြင်းမရှိသည့် ကချင်ပြည်နယ်မှ မြေဧက ၁၂ သိန်းကျော် ပြန်သိမ်းမည်
DVB
·
June 5, 2017
စိုက်ပျိုးခြင်းမရှိသည့် ကချင်ပြည်နယ်မှ မြေဧက ၁၂ သိန်းကျော် ပြန်သိမ်းမည်
Donate to DVB

ကချင်ပြည်နယ်က မြေလွတ်မြေရိုင်းတွေကို စိုက်ပျိုးရေးလုပ်ငန်းအတွက် အစိုးရက ခွင့်ပြုခဲ့ပြီး အကောင်အထည်မဖော်တဲ့ ဧက ၁၂ သိန်းကျော်ကို ပြန်သိမ်းသွားမယ်လို့ ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မြေဧက ၁၃ သိန်းကျော်ကို လုပ်ကိုင်ခွင့်ပြုခဲ့ရာမှာ ဧက ၈ သောင်းလောက်ကိုပဲ အသုံးပြု ထားတယ်လို့ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက ပြောပါတယ်။

“ဒီစာရင်းတွေကို ဗဟို မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို တင်ပြထား ပါပြီ။ အဲဒီက ဥပဒေအတိုင်း ဒီမြေတွေကို သိမ်းပါတယ်ဆိုတဲ့ ကြေညာချက်ထွက်လာဖို့ လိုတာ ပေါ့။ လောလောဆယ်တော့ တိုင်းနဲ့ ပြည်နယ် နှစ်ခုက စာရင်းတွေ မရသေးလို့ ကြေညာချက် မထွက်သေးဘူး လို့ ကြားတယ်” လို့ ဦးမြသိန်းက ပြောပါတယ်။

အဲဒီ မြေလွတ် မြေရိုင်းတွေကို လူပုဂ္ဂိုလ်၊ ဌာနဆိုင်ရာ၊ အဖွဲ့အစည်း၊ ကုမ္ပဏီ စတဲ့ လုပ်ငန်းရှင် အယောက် ၈၀၀ ကျော်ကို ခွင့်ပြုထားတာ ဖြစ်ပါတယ်။

“များများယူထားတာကတော့ အရင် နဝတနဲ့ နအဖမှာပါတဲ့ ဗိုလ်ချုပ်တွေရဲ့ မိသားစုဝင် တွေက တော်တော်များတယ်ဗျ။ ဗိုလ်ချုပ်တစ်ယောက်ရဲ့ မြေးဆိုရင် ကျနော်တို့ နို့တစ်စာ ထုတ် လိုက်ပြီး နောက်မှာ သူကိုယ်တိုင်ပြောတာက သူ ယူထားတဲ့ မြေကဧက တသောင်းခွဲ လောက်ရှိ ပြီး တကယ်လုပ်တာကတော့ ဧက ၁၀၀၀ ကျော်ကျော်လောက်ပဲ အကောင်အထည်ဖော်ထားတာ တွေ့ရတယ်ခင်ဗျ” လို့  ပြည်နယ်ဝန်ကြီး ဦးမြသိန်းက ပြောပါတယ်။

ကုမ္ပဏီတွေဆိုရင်လည်း မြေကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်တာတွေ မရှိသလို လုပ်ပိုင်ခွင့်ကိုတောင်မှ ဥပဒေနဲ့အညီ ဆောင်ရွက် ရယူထားတာမရှိတာတွေ တွေ့နေရ တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

မြေယာပြဿနာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက “ လုပ်ပိုင်ခွင့်ရှိတုန်းမှာ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာမကပဲ မတရား ယူထားတာ များတယ်ဗျ။ ကုမ္ပဏီအငယ်တွေကတော့ သူတို့လုပ်နိုင်သလောက်ကိုပဲ ရပြီး လုပ်နိုင်ကြတယ်။ မြေကိစ္စကတော့ ဇာတ်လမ်းတွေ အများကြီးရှုပ်တယ်။ လုပ်ပိုင်ခွင့် ရှိသူတွေပတ်သက်နေတဲ့ ကိစ္စ ဖြစ်လို့ပါ” လို့ ပြောပါတယ်။

၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေမှာ လုပ်ပိုင်ခွင့်ပြုထားတဲ့ မြေတွေကို ၄ နှစ်အတွင်း သတ်မှတ်တဲ့ လုပ်ငန်းပြီးတဲ့အထိ ဆောင်ရွက်ရမယ်လို့ သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013