DVB Logo
Home
မြန်မာသတင်း
၁၃ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို ရိုက်နှက်နှိပ်စက်သည့် လင်မယား ၂ ဦးကို ဖမ်းဆီး
DVB
·
June 5, 2017
Donate to DVB

၁၃ နှစ်အရွယ် အိမ်အကူ မိန်းကလေးငယ်ကို ရိုက်နှက်နှိပ်စက်တဲ့ ရန်ကုန်မြို့ ယုဇနဥယျာဉ်မြို့တော်နေ လင်မယား ၂ ဦးကို ဇွန်လ ၄ ရက်နေ့က ဖမ်းဆီးထားတယ်လို့ ဒဂုံဆိပ်ကမ်းရဲစခန်းက ပြောပါတယ်။

ယုဇနဥယျာဉ်မြို့တော် ဒဂုံဆိပ်ကမ်း A-၆လမ်း၊ တိုက်-၁၁၊ အခန်း-၄၀၁ နေ ကိုထွန်း (၃၃နှစ်)နဲ့ မမြတ်နိုးသူ(၃၃)နှစ်တို့ လင်မယားဟာ အသက် ၁၃ နှစ်အရွယ် မခိုင်နှင်းဝေ အိမ်ဖော် ကလေးငယ်ကို ရိုက်နှက် နှိပ်စက်တာတွေ မိန်းမဖြစ်သူက မီးပူနဲ့ကပ်ပြီး နှိပ်စက်ထားတာတွေ ရပ်ကွက်က တွေ့ရှိပြီး ၆ လမ်း တာဝန်ရှိသူ ဦးမျိုးတင့်နိုင်က တရားလိုပြု တိုင်တန်းရာ လက်ရှိ ဒဂုံမြို့မရဲစခန်းက ပုဒ်မ ၃၂၆ အပြင်းအထန် ထိခိုက်နာကျင်စေမှု၊  ပုဒ်မ ၃၂၅/ပုဒ် ၁၁၄ အားပေးကူညီမှုနဲ့ အမှုဖွင့် ဖမ်းဆီးချုပ်နှောင်ထားကြောင်း ဒဂုံဆိပ်ကမ်းရဲစခန်းမှူးဝင်းကိုက ဒီဗွီဘီကို ပြောပါတယ်။

မခိုင်နှင်းဝေကို လွန်ခဲ့တဲ့ ၂၇ ရက် ဧရာဝတီ သာပေါင်း တောကရက်ကျေးရွာကနေ အဘွားဖြစ်သူဆီက ငွေကျပ် ၄ သောင်းနဲ့ ခေါ်ဆောင်လာကြောင်း၊ ရေနွေးအိုးဆူနေတာကို မသိရကောင်းလားဆိုပြီး မီးပူနဲ့ကပ်မိကြောင်း၊ ယောက်ျားဖြစ်သူကလည်း မြင်ကြောင်း သူကိုယ်တိုင်လည်း တုတ်နဲ့အနည်းငယ် ဝင်ရိုက်မိကြောင်း ဇွန် ၄ ရက် ညတွင်းချင်း အကြမ်းဖျင်း စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သူ လင်မယား နှစ်ယောက်လုံး ဝန်ခံ ထားတယ်လို့ ဆိုပါတယ်။

ကလေးငယ်မှာ လက်မောင်း နှစ်ဖက်လုံး ပေါင်၊ ရင်ဘတ်၊ ကျောတွေမှာ မီးပူကပ်ရာတွေ တွေ့ရှိထားကြောင်း လက်ရှိ အတွင်းလူနာအဖြစ် သင်္ဃန်းကျွန်းဆေးရုံမှာ တက်ရောက်ကုသနေကြောင်း ကလေးသူငယ်တပ်ဖွဲ့နဲ့ လူမှုဝန်ထမ်းဆီကိုလည်း ဆက်သွယ်ထားတယ်လို့ ဒဂုံဆိပ်ကမ်း ရဲစခန်းမှူး ပြောပြခဲ့ပါတယ်။

ရပ်ကွက်က လိုက်ပါကူညီသူ မရီချိုကတော့ စခန်းမှာသူကိုယ်တိုင် ဒဏ်ရာတွေ တွေ့မြင်ကြောင်းနဲ့ မိန်းမကိုယ်မှာပါ မီးပူနဲ့ကပ်ထားကြောင်း တွေ့ရတယ်လို့ ပြောပါတယ်။

ရပ်ကွက်နေပြည်သူတွေက ဒီကိစ္စမှာ ဘာသာရေး၊ နိုင်ငံရေး မရောနှောကြောင်း ရပ်ကွက်က ဝိုင်းတိုင်တန်းခဲ့တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013