DVB Logo
Home
မြန်မာသတင်း
ရေစုကန်များမရှိတော့သဖြင့် ရေကြီးရေလျှံမှုပြဿနာကြုံနေရဟု ရန်ကုန်မြို့တော်ဝန်ပြော
DVB
·
June 5, 2017
ရေစုကန်များမရှိတော့သဖြင့် ရေကြီးရေလျှံမှုပြဿနာကြုံနေရဟု ရန်ကုန်မြို့တော်ဝန်ပြော
Donate to DVB

 

မြို့တော်ရန်ကုန်ဟာ လူနေထူထပ်လာမှုနဲ့ ရေစုကန်တွေပျောက်ဆုံးသွားခဲ့တာကြောင့် ရေကြီးရေလျှံမှုတွေ ကြုံတွေ့လာရတာလို့ ရန်ကုန်မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုးက ပြောပါတယ်။

“ဟိုအရင်တုန်းကဆိုရင် ရန်ကုန်မြို့က မြောင်းတွေ လုပ်ထားတာရယ်၊ နောက်ပြီးတော့ တိုက်တွေက နှစ်ထပ်တိုက်နဲ့လူက လေးသောင်းစာလောက်ပဲ။ တိုက်ကလည်း နှစ်တပ်တိုက်စာလောက်ပဲ မြောင်းကလုပ်ထားတာ။ အခုဟာက တိုက်တွေက Heavy ကြီးတွေ၊ တစ်ခါတည်း မိုးထိတိုက်တွေ လူက ၆ သန်းလောက် ဖြစ်သွားပြီဆိုတော့ အရမ်းမဆံ့တဲ့အတွက် ဖြစ်သွားတာပါ”

ဒါ့အပြင် ဒေါက်တာမောင်မောင်စိုးက “ရေစုကန် ဘယ်လောက်ရှိလဲဆိုတာက ချက်ချင်း ပြောလို့မရဘူး။ ပြန်လိုက်ရှာရမယ်။ များတယ်။ ရေစုကန်တွေက။ သဘာဝရေစုကန်တွေ လည်းရှိတယ်။ နောက် လူလုပ်ထားတဲ့ ရေစုကန်တွေလည်း ရှိတယ်။ တော်တော်များတယ်။ အကုန်လုံးကုန်ပြီ။ ဥပမာ သဘာဝရေစုကန်တွေဆိုရင် ကန်တွေထားပြီးတော့ လူတွေက ကန်စွန်းခင်းတွေလိုဟာမျိုး စိုက်တယ်။ နောက် ကန်စွန်းခင်းတွေက ဘယ်လိုပျောက်သွားမှန်း မသိဘူး။ အိမ်တွေ ရောက်လာတယ်။ နိုင်ငံတကာမှာ ရေစုကန်တွေက ရှိတယ်လေ။ ကျနော်တို့က ရေစုကန်ရှိပြီးသား။ ပျောက်သွားတာ”လို့ ပြောပါတယ်။

ဇွန်လ ၄ ရက်နေ့ ညနေပိုင်းက ၁ နာရီခွဲကျော်ကျော်လောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရန်ကုန်မြို့တွင်းမှာ မိုးရေချိန် ၄ လက်မခန့် မြင့်တက်လာခဲ့ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့အနေနဲ့ မိုးရေချိန် ၆ လက်မအထိ လက်ခံနိုင်တယ်လို့ သိရပါတယ်။

“မိနစ် ကိုးဆယ်အတွင်း ရေတွေ ပြန်ကျသွားတဲ့အတွက် ကျေနပ်ပါတယ်။ ရေစီးအားကိုလည်း အမြဲတမ်းတိုင်းနေတဲ့အတွက် ရေစီးအားကတော့ ဝေါ ဝေါ ဝေါနဲ့ စီးတယ်။ အပေါ်က ရွာတဲ့မိုးက တအားရွာတဲ့အတွက်ကြောင့် မခံနိုင်တာ ဖြစ်သွားတာပါ”လို့ ဒေါက်တာ မောင်မောင်စိုးက ပြောပါတယ်။

ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှုတွေကို ကာကွယ်နိုင်ဖို့အတွက် ရေမြောင်းတွေ၊ လူသွားလမ်း ပလက်ဖောင်းတွေ၊ အမှိုက်သိမ်းစနစ်တွေ၊ အများပြည်သူ ဝန်ဆောင်မှု အဆောက်အအုံတွေကို ဘေးကင်းလုံခြုံစေဖို့နဲ့ အခြား မြို့တော် စည်ပင်သာယာရေး လုပ်ငန်းတွေအတွက် ကမ္ဘာ့ဘဏ်က ချေးငွေ အမေရိကန် ဒေါ်လာ ၁၂၅ သန်း (ထောက်ပံ့ငွေ ၁ သန်း အပါအဝင်)ကို လွှတ်တော်က ချေးယူခွင့်ပြုထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013