DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ကို သောက်သုံးရေဖြန့်ဝေနေသည့် ဖူးကြီးရေကန်တွင် ပုဒ်မ ၁၄၄ တားမြစ်မိန့်ထုတ်ပြန်
DVB
·
June 5, 2017
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက်ရှိ ရန်ကုန်မြို့ကို သောက်သုံးရေ ပေးဝေနေတဲ့ ဖူးကြီးသောက်ရေကန်ကို မေ ၂၈ ရက်က ပုဒ်မ ၁၄၄ တားမြစ်မိန့် ထုတ်ပြန်ထားတယ်လို့ မင်္ဂလာရပ်ကွက် ရာအိမ်မှူးဦးမျိုးနိုင်က ဒီဗွီဘီကိုပြောပါတယ်။

လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ တိုက်ကြီးချောင်းသာလို့ တင်စားခေါ်ဝေါ်ပြီး လာရောက်သူတွေနဲ့ စည်ကားနေတဲ့ ဖူးကြီးရေကန်မှာ  မေလ ၂၄ ရက်က တာဂွကျေးရွာအုပ်စုက လူငယ်တွေ ရေကစားရာက  လူငယ်တဦး ရေနစ်သေဆုံးခဲ့ပြီးနောက်  အခုလို ပိတ်ပင်လိုက်တာပါ။

မင်္ဂလာရပ်ကွက် ရာအိမ်မှူး ဦးမျိုးနိုင်က “အမှန်တော့ ဖူးကြီးသောက်ရေကန်က ရန်ကုန်က ပြည်သူတွေအတွက် သောက်သုံးရေပေးနေတဲ့ ကန်လေ။ အများသောက်ရေကန်မှာ အခုလို ရေကူးတာတို့ လာအပန်းဖြေတာတို့က ကြာရင် အမှိုက်တွေ၊ အညစ်အကြေးတွေနဲ့ဆိုတော့ ရေက သန့်မှာ မဟုတ်တော့ဘူးလေ။ ဖူးကြီးသောက်ရေကန်က ရန်ကုန်မြို့တော်စည်ပင်သာယာက ပိုင်တာပါ။ အခုလို ပိတ်လိုက်တာ ကောင်းပါတယ်”လို့ ပြောပါတယ်။

ခုလို သောက်ရေကန်ကို မပိတ်ပါက အမှိုက်တွေ၊ အညစ်အကြေးတွေနဲ့ သောက်ရေကန် ညစ်ပတ်မှာကို စိုးရိမ်တဲ့အတွက် ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်တာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဖူးကြီးရေလှောင်ကန်မှ တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။

ရန်ကုန်မြို့နေ ပြည်သူလူထုတွေအတွက်  ဂျိုးဖြူ၊၊ ဖူးကြီးနဲ့ ငမိုးရိပ် ရေလှောင်ကန်တို့ကနေ ရေဂါလန် သန်းပေါင်း ၁၆၀ လောက် သောက်သုံးရေဖြန့်ဝေပေးနေရာမှာ  ဖူးကြီးရေလှောင်ကန်ဟာ ရေဂါလန် ၅၄ သန်းနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013