DVB Logo
Home
မြန်မာသတင်း
ကြည့်ရှုသူ ၁ သန်းခွဲကျော်သွားခဲ့ပြီဖြစ်သည့် နာမည်ကြီး ကျွန်ရုပ်ရှင်ဇာတ်ဝင်တေးရုပ်သံ
DVB
·
June 5, 2017
ကြည့်ရှုသူ ၁ သန်းခွဲကျော်သွားခဲ့ပြီဖြစ်သည့် နာမည်ကြီး ကျွန်ရုပ်ရှင်ဇာတ်ဝင်တေးရုပ်သံ
Donate to DVB

 

လက်ရှိ ရန်ကုန်မှာ ရုံတင်နေတဲ့ ပုဂံဒေသမှ ရှုခင်းအလှအပတွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ကျွန် ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းရုပ်သံဗွီဒီယိုဖိုင်ဟာ ရေပန်းစားနေပြီး ကြည့်ရှုသူ ၁ သန်းခွဲကျော်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒီသီချင်းကို ရေးစပ်သူကတော့ ဓီရာမိုရ်ဖြစ်ပြီး သီဆိုထားခဲ့ကြတဲ့ တေးသံရှင်တွေ ကတော့ ထက်လူနဲ့ မေမင်းတို့ ဖြစ်ကြပါတယ်။

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ မြင့်မြတ်နဲ့ ဝတ်မှုန်ရွှေရည်တို့က ခေါင်းဆောင်ပါဝင်ထားခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ကတည်းက ရုံတင်ပြသခဲ့တာပါ။

လက်ရှိမှာတော့ ဒီဇာတ်ကားဟာ ရုံတင်ပြသချိန်ကစပြီး သတ်မှတ်ရုံတင်ဝင်ငွေ ရရှိခဲ့တဲ့အတွက် ဒီကားကို ရက်သတ္တပတ် ၃ ပတ် ရုံတင်ခွင့် ရရှိထားတာပါ။

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတဆင့် “လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ကျနော့်ရဲ့ပထမဆုံးရုပ်ရှင် တစ်သက်တာ ထာဝရဆိုတဲ့ ဇာတ်ကား ရုံတင်တော့ ပရိသတ်တွေရဲ့အကြိုက်နဲ့ တထပ်တည်း ကျခဲ့ဖူးပါတယ်။ နောက်ပိုင်းတော့ ပရိသတ်တွေ အပန်းပြေစေမယ့် ဇာတ်ကားတွေကိုလည်း ရိုက်ခဲ့ရပါတယ်။ အခုတခါ ကျနော် နှစ်သက်တဲ့ဇာတ်လမ်းမျိုး ရိုက်ကူးခွင့်ရခဲ့ပါတယ်။ ဇာတ်ကားနာမည်က ကျွန်။ ပရိသတ်တွေရဲ့ အားပေးမှုဟာ လွန်ခဲ့သော နှစ် ၂၀ ကို ပြန်ပြီးအမှတ်ရစေပါတယ်”လို့ မေလ ၂၈ ရက်နေ့က ရေးခဲ့တာပါ။

ဘယ်မိုးမှ မျက်နှာလိုက် မရွာဘူး။ ဘယ်ပန်းမှ မျက်နှာလိုက် မမွှေးဘူး။ ဧရာဝတီ မြစ်မင်းလည်း ဘယ်သူ့မှ မခွဲခြားပါဘူး။ တို့အားလုံး ကံကြမ္မာရဲ့ ကျွန်ပါ။ ရှင်သန်ခြင်းများစွာ စေခိုင်းသရွေ့ မလွန်ဆန်နိုင်ပါဘူး။ မခွဲခြားပါနဲ့။ မခွဲခြားပါနဲ့။ လူလူချင်း မခွဲခြားပါနဲ့”စတဲ့ စာသားတွေနဲ့ သီခြယ်ထားတဲ့ ဒီသီချင်းဟာ အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့ပါ တယ်။  

ဇာတ်ကားထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်နေတိုးကတော့ “ကြိုးစားပေးဆပ်မှုတွေဟာ ယုံကြည်မှုကို တိုးပွားစေပြီး ပျော်ရွှင်စရာကောင်းတဲ့ ကြည်နူးမှုနဲ့အတူ အနုပညာရှင်တယောက် ဖြစ်တည်လာရခြင်းရဲ့ ရပ်တည်မှုကို ခွန်အားဖြစ်စေပါတယ်၊ သက်ဆိုင်သူများနဲ့ ၃ ပတ်တိုင်တိုင် ပြသခွင့်ရအောင် အားပေးခဲ့ကြသော အားပေးနေကြသော ပရိသတ်များသို့ ...အစဉ်ထာဝရ... နေတိုး”လို့ ဖော်ပြခဲ့တာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013