ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို နေပြည်တော်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ ဇွန်လ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယ သမ္မတ ဟန်နီရီဗန်ထီး၊ NGO/INGO အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ ရန်ကုန်နဲ့ မန္တလေးမြို့က မြို့တော်ဝန်တွေ၊ ဌာနဆိုင်ရာတွေက ပြည်ထောင်စုဝန်ကြီးနဲ့ အခြား ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ်ရဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်ရေးနေ့ ဆောင်ပုဒ်ကတော့ “တို့ကမ္ဘာမြေတခွင် သာယာစေဖို့ သဘာဝကို ထိန်းသိမ်းစို့” ပဲ ဖြစ်ပါတယ်။
အဲဒီလို အထိမ်းအမှတ် အခမ်းအနားကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူတာတွေ၊ ဟောပြောပွဲတွေ၊ ဆောင်းပါးနဲ့ စာစီစာကုံး ပြိုင်ပွဲတွေ ကျင်းပပြီး သစ်ပင်စိုက်ပွဲတွေနဲ့ အမှိုက်ကောက်တာတွေလည်း လုပ်ဆောင်ကြတယ်လို့ သိရပါတယ်။











