DVB Logo
Home
မြန်မာသတင်း
ကျောင်း​သား​တပ်မ​တော်နှင့်​အစိုး​ရ ငြိမ်း​ချမ်း​ရေး​ ပဏာမ​ဆွေး​နွေး
DVB
·
February 9, 2012
ကျောင်း​သား​တပ်မ​တော်နှင့်​အစိုး​ရ ငြိမ်း​ချမ်း​ရေး​ ပဏာမ​ဆွေး​နွေး
Donate to DVB

အစိုး​ရကို လက်နက်ကိုင် တိုက်ပွဲဝင်​နေတဲ့​ ​ကျောင်း​သား​တပ်မ​တော်နဲ့​အစိုး​ရငြိမ်း​ချမ်း​ရေး​အဖွဲ့​ ဒီက​နေ့​ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ပါတယ်။

[caption id="attachment_21053" align="alignright" width="300" caption="ငြိမ်းချမ်းရေး ​ဆွေးနွေးနေစဉ် (ဓာတ်ပုံ - ​အေဘီအက်စ်ဒီအက်ဖ်)"][/caption]

မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ဒီမိုကရက်တစ်တပ်ဦး​ (​အေဘီအက်စ်ဒီအက်စ်) က ကိုယ်စား​လှယ်အဖွဲ့​နဲ့​ မြန်မာအစိုး​ရရဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ရေး​အဖွဲ့​၊​ အဖွဲ့​ဝင် သီရိပျံချီ ဦး​စောခင်စိုး​ ဦး​ဆောင်တဲ့​ ကိုယ်စား​လှယ်အဖွဲ့​တွေ ဒီက​နေ့​မွန်း​လွဲပိုင်း​က ထိုင်း​-မြန်မာ နယ်စပ်မဲ​ဆောက်မြို့​မှာ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ပါတယ်။

ပဏာမအဆင့်​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ဖြစ်ပြီး​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​၊​ ဒီမိုက​ရေစီ​ဖော်ဆာင်နိုင်​ရေး​တို့​ကို ဦး​တည် ​ဆွေး​နွေး​ခဲ့​တယ်လို့​ ​ဆွေး​နွေး​ပွဲမှာ ပါဝင်တဲ့​ ​အေဘီအက်စ်ဒီအက်ဖ် ဒု-ဥက္ကဋ္ဌ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။

“အဓိကအား​ဖြင့်​တော့​ ဒီက​နေ့​ တိုင်း​ပြည်အတွင်း​မှာ တည်ရှိ​နေတဲ့​ ပြဿနာ​တွေကို နိုင်ငံ​ရေး​အရ တန်း​တူရည်တူ ​ဆွေး​နွေး​ဖို့​ လိုအပ်တယ်ဆိုတဲ့​ အ​ခြေခံကို နှစ်ဖက် သ​ဘောထား​ အမြင်တူတယ်။ ဒီသ​ဘောထား​တူညီမှု အ​ပေါ်မှာ အ​ခြေခံပြီး​တော့​မှ ကျ​နော်တို့​ နိုင်ငံ​ရေး​အရ တန်း​တူရည်တူ ​ဆွေး​နွေး​ပွဲ အဆင့်​ကို ​ရောက်​အောင် ဘယ်လို နှစ်ဖက်ညှိနှိုင်း​ပြီး​တော့​ သယ်​ဆောင်သွား​မလဲဆိုတာ အဲဒီအချက်ကို ဦး​တည် ​ဆွေး​နွေး​ဖြစ်တာပါ။ အခုက​တော့​ ကျ​နော်တို့​ ပဏာမအကြို ​ဆွေး​နွေး​မှု အဆင့်​က​နေပြီး​တော့​ ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှု အဆင့်​ကို ကျ​နော်တို့​ ဆက်လက် ပြုလုပ်သွား​ဖို့​ အစီအစဉ် ရှိပါတယ်။”

နိုင်ငံ​ရေး​ပြဿနာ​တွေကို နိုင်ငံ​ရေး​နည်း​လမ်း​နဲ့​ ​ဖြေရှင်း​သွား​နိုင်​ရေး​အတွက် ငြိမ်း​ချမ်း​ရေး​ တန်း​တူညီတူ ​တွေ့​ဆုံ ​ဆွေး​နွေး​မှု​တွေကို အဆင့်​ဆင့်​ ပြုလုပ်သွား​မယ်လို့​လည်း​ ​အေဘီအက်စ်ဒီအက်ဖ်က ​ပြောပါတယ်။

ဆွေး​နွေး​ပွဲမှာ ​အေဘီအက်စ်ဒီအက်ဖ်အဖွဲ့​က အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ရဲ​ဘော်ဆန်နီ၊​ အတွင်း​ရေး​မှူး​ ၁ ရဲ​ဘော်မြင့်​ဟိန်း​နဲ့​ဗဟို​ကော်မတီဝင် ၅ ဦး​ ပါဝင်ပြီး​ ပွင့်​ပွင့်​လင်း​လင်း​ ​ဆွေး​နွေး​ခဲ့​ကြတယ်လို့​လည်း​ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။

“ပွင့်​ပွင့်​လင်း​လင်း​ ကျ​နော်တို့​ ​ဆွေး​နွေး​နိုင်ခဲ့​တယ်။ အဲဒီ နှစ်ဖက် ပွင့်​လင်း​မှု၊​ ​ဆွေး​နွေး​မှု အ​ခြေခံ​ပေါ်က​နေပြီး​တော့​မှ ငြိမ်း​ချမ်း​ရေး​စား​ပွဲမှာ တန်း​တူရည်တူ ဆက်လက်ပြီး​တော့​ ​ဆွေး​နွေး​ဖို့​အတွက် ကျ​နော်တို့​ တူညီတဲ့​ သ​ဘောထား​တွေ ကျ​နော်တို့​ ရယူနိုင်ခဲ့​တယ်။ ဒီအ​ခြေခံ​ပေါ် က​နေတဆင့်​ ကျ​နော်တို့​ တိုင်း​ပြည်အတွင်း​မှာ ရှိ​နေတဲ့​ ငြိမ်း​ချမ်း​ရေး​ပြဿနာ။ ပြည်တွင်း​စစ် ရပ်စဲ​ရေး​ပြဿနာ၊​ နိုင်ငံ​ရေး​ပြဿနာ​တွေကို တန်း​တူရည်တူ ​ဆွေး​နွေး​ပြီး​တော့​ အ​ဖြေရှာခွင့်​ ရလိမ့်​မယ်လို့​ ကျ​နော်တို့​ ​မျှော်လင့်​ပါတယ်။”

နောက်တခါ ​ဆွေး​နွေး​ပွဲ​တွေကို ရန်ကုန်မှာ ကျင်း​ပဖို့​စီစဉ်ထား​ပြီး​ ​နေ့​ရက် မသတ်မှတ်ရ​သေး​ဘူး​လို့​သိရပါတယ်။

ကျောင်း​သား​တပ်မ​တော်ဟာ ရှစ်​လေး​လုံး​လူထုအုံကြွမှုအပြီး​ စစ်တပ်က အာဏာသိမ်း​ပြီး​နောက် အစိုး​ရကို လက်နက်ကိုင် ​တော်လှန်​နေတဲ့​ အဖွဲ့​ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013