DVB Logo
Home
မြန်မာသတင်း
ဦးဖြိုးမင်းသိန်း ကိုယ်ရေးအရာရှိကိစ္စ ဥပဒေအတိုင်းပဲလုပ်မယ်- ဦးဝင်းထိန် (ရုပ်သံ)
DVB
·
June 4, 2017
ဦးဖြိုးမင်းသိန်း ကိုယ်ရေးအရာရှိကိစ္စ ဥပဒေအတိုင်းပဲလုပ်မယ်- ဦးဝင်းထိန် (ရုပ်သံ)
Donate to DVB

ဝန်ကြီးချုပ် ဦးဖြိုးမင်းရဲ့ ကိုယ်ရေးအရာရှိက မြေပိုင်ရှင်တွေဆီကနေ ငွေကျပ် ၁၂ သိန်းယူခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုခဲ့မှုနဲ့ပတ်သက်ပြီး ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ရေးအရာရှိ ဦတင်ထွန်းက သူတို့မြေပိုင်ရှင်တွေဆီကနေ သိန်း ၅၀ တောင်းခံပြီး ငွေ ကျပ် ၁၂ သိန်းရယူခဲ့ကြောင်း မိုက်ကယ်ကျော်မြင့်ဆိုသူက ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဇွန်လ ၄ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အစည်းအဝေးအပြီးမှာ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က မီဒီယာတွေရဲ့ မေးမြန်းချက်ကို အခုလို ပြောကြားလိုက်တာပါ။

"ဥပဒေအတိုင်းပဲ လုပ်မယ်။ ဘာမှ ၀င်စွက်စရာမလိုဘူး။ တိုင်တဲ့သူရှိတော့ တိုင်တဲ့အပေါ်မူတည်ပြီး သက်ဆိုင်ရာပုဂ္ဂိုလ်တွေက လုပ်ကြမှာပေါ့။ စောင့်ကြည့်ရုံပဲ။ ဘာများလာမလဲလို့ စိတ်ဝင်စားလို့" လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ကိုယ်ရေးအရာရှိ ဦးတင်ထွန်းကလည်း တတ်ကျွမ်းနားလည်တဲ့ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ဥပဒေဘောင်ထဲကနေ ဆောင်ရွက်သွားမယ်လို့ ဒီဗွီဘီကို ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013