
ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဒီနေ့ ဇွန်လ ၄ ရက်နေ့ မွန်လွဲပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပခဲ့ပါတယ်။
ယခုနှစ် အဋ္ဌမအကြိမ်မြောက်ပြည်သူ့ဂုဏ်ရည်ဆုကို ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးတွဲဖက် အထက်တန်းကျောင်း ရရှိခဲ့ပါတယ်။
ဒါ့အပြင် အထူးဆုအဖြစ် Save the Library စာကြည့်တိုက်များကွန်ရက်၊ လိင်မှုဆိုင်ရာ ပညာပေးပြန့်ပွားရေးနဲ့ လူမှုရေးကူညီသူ ကိုစိုးထိုက်(ဖဒို) နဲ့ နိုင်ငံတွင်းလျှပ်စစ်၊ ရေ၊ အမှိုက်ဆိုင်ရာ လိုအပ်ချက်တွေကို တနိုင်တပိုင်ဖြည့်သူ ကိုအေးကျော်ကျော်တို့ ရရှိချီးမြှင့်ခံရတာဖြစ်ပါတယ်။











