
မြိတ်မြို့မှာ နည်းပညာတက္ကသိုလ် (မြိတ်) ကျောင်းသားများ သမဂ္ဂအဖွဲ့ကို ဇွန်လ ၃ ရက်နေ့တွင် တရားဝင် စတင်ဖွဲ့စည်းလိုက်တယ်လို့ ပြင်ပဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။
နည်းပညာတက္ကသိုလ် (မြိတ်) ကျောင်းသားများ သမဂ္ဂအဖွဲ့ကို အမှုဆောင်အဖွဲ့ဝင် ၇ ဦးနဲ့ ကျောင်းသား အဖွဲ့ဝင် ၂၀ ဦးကျော်နဲ့ တရားဝင် ဘုတ်အဖွဲ့ကို စာတင်ပြီး ဖွဲ့စည်းလိုက်တာတယ်လို့ ပြင်ပဆက်ဆံရေး တာဝန်ခံ သမဂ္ဂအဖွဲ့ဝင် ကိုမင်းလွင်ဦးက ဇွန်လ ၄ ရက်နေ့ မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ လောကအလင်း ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
မြိတ်ခရိုင်အတွင်းမှာရှိတဲ့ တက္ကသိုလ် ကျောင်းတွေမှာ နည်းပညာတက္ကသိုလ် (မြိတ်) ကျောင်းသားများ သမဂ္ဂအဖွဲ့ဟာ ပထမဆုံး တရားဝင်အဖြစ် ဖွဲ့စည်းခွင့် ရရှိတဲ့ ကျောင်းတကျောင်း ဖြစ်တယ်လို့ သမဂ္ဂအဖွဲ့ဝင် ဥက္ကဋ္ဌ ဖြစ်တဲ့ ကိုဖြိုးသီဟအောင်က ပြောပါတယ်။
လက်ရှိ ဖွဲ့စည်းလိုက်တဲ့ နည်းပညာတက္ကသိုလ် (မြိတ်) ကျောင်းသားများ သမဂ္ဂအဖွဲ့ဟာ ရှေ့လုပ်ငန်းစဉ်တွေကို လာမယ့်အပတ်မှာ စည်းရုံးရေကို စတင် ပြုလုပ် သွားမှာဖြစ်ပြီး ကျောင်းတွင်း ရေးရာကိစ္စတွေကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အဆိုပါ နည်းပညာတက္ကသိုလ် (မြိတ်) ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ဖွဲ့စည်းခြင်းနဲ့ ပတ်သက်ပြီး မေလ (၂၉ ရက်နဲ့ ၃၀) ရက်တွေမှာ ကော်မတီ အစည်းအဝေး ၂ ကြိမ် ပြုလုပ်ပြီး ကော်မတီအဖွဲ့ဝင်တွေ ရွေးကောက်တင်မြောက်ပြီး ဥက္ကဋ္ဌ အဖြစ် ကိုဖြိုးသီဟအောင်၊ ဒု- ဥက္ကဋ္ဌ မောင်ထွန်းတောက်ရဲ၊ အထွေထွေအတွင်းရေးမှူး မပြုံးရွှေစင်စောပို၊ ဘဏ္ဍရေးတာဝန်ခံ မသန္တာဆွေ၊ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုမင်းလွင်ဦး၊ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ မောင်ခန့်ဇင်ဝေ၊ စည်းရုံးရေးမှူး မဟေမာစိုးနဲ့ ဗဟိုအလုပ်မှုဆောင်တွေအဖြစ် ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
သတင်း - ဇော်ဇော် (မြိတ်)










