DVB Logo
Home
မြန်မာသတင်း
မှုခင်းသတင်းထောက်ဆိုသူများကို လွှတ်တော်ကိုယ်စားလှယ်က ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်
DVB
·
June 4, 2017
မှုခင်းသတင်းထောက်ဆိုသူများကို လွှတ်တော်ကိုယ်စားလှယ်က ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်
Donate to DVB

လွှတ်တော်ကိုယ်စားလှယ်ကားကို နာမည်အလွဲသုံးစားလုပ်ပြီး တားဆီးခဲ့တဲ့ မှုခင်းရှုထောင့်သတင်းထောက်ဆိုသူတွေကို ကန့်ဘလူမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် က ပုဒ်မ ၄ ခုနဲ့  ဇွန်လ ၃ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။

ဇွန် ၃ ရက်နေ့ ညနေပိုင်းက ကန့်ဘလူမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်သူဟန်ထွန်းနှင့် မြို့နယ်အလုပ်အမှုဆောင် ဦးခင်မောင်ဌေးတို့က ကန့်ဘလူမြို့ကနေ လွှတ်တော်အတွေ့အကြုံရှင်းလင်းပြီး နေရပ်ဇီးကုန်းမြို့ကို ကားနဲ့ ပြန်လာရာ ဘိုတဲကုန်းရွာနှင့် မင်းကုန်းရွာအကြားမှာ ဆိုင်ကယ်နဲ့လိုက်လာတဲ့ မှုခင်းရှုထောင့် သတင်းထောက်ဆိုသူတွေက တားဆီးခဲ့တာပါ။

လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်သူဟန်ထွန်းက "ကျနော်တို့ နောက်က ဆိုင်ကယ်နဲ့လိုက်လာတယ်။ ကားကိုကျော်မောင်းပြီး ကားရပ်ခိုင်းတယ်။ ဘာလို့ရပ်ခိုင်းတာလဲ မေးတော့ တိုင်းလွှတ်တော်ကိုယ်စားလှယ်အမိန့်အရ ရှာဖွေစစ်ဆေးဖို့ ဆိုပြီးပြောတယ်။ ဒါနဲ့ ကျနော်လည်း ဇီးကုန်းစခန်းမှူး ရဲအုပ်အောင်နိုင်ဦးကို ဖုန်းဆက် အကျိုးအကြောင်း ပြောပြပြီး မူးဆုံမှာ စောင့်ပေးဖို့ပြောတယ်။ ကားကိုတားတာက ဇီးကုန်းက ကိုခင်မောင်ရွှေဆိုတဲ့သူ။ သူ့နောက်က နောက်ထပ် ၃၊ ၄ ယောက်လောက် လိုက်လာတယ်။ ရဲလိုဝတ်ထားတဲ့အဖွဲ့ကို ထန်းကုန်းမူးဘောင် မောင်းတံဂိတ်နားမှာကတည်းက တွေ့ခဲ့တယ်။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေက အဲလိုတွေလုပ်ဆောင်ဖို့ တဦးတယောက်ကိုမှ စေခိုင်းထားတာလည်း မရှိဘူး။ ခုက နာမည်အလွဲသုံးစားလုပ်တာဖြစ်တယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ကားကို နာမည်အလွဲသုံးစားလုပ်ပြီး တားဆီးခဲ့တဲ့ ခင်မောင်ရွှေ (နဂါးပေါ်ရပ်၊ ဇီးကုန်းမြို့) နဲ့ မျိုးမြင့် (ရှားတောရွာ၊ ခင်ဦးမြို့နယ်) တို့ ၂ ဦးကို ဇီးကုန်းရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၄၁၊ ၁၇၀၊ ၄၁၇၊ ၁၁၄ စတဲ့ ပြည်သူလူထုစိတ်ငြိုငြင်အောင်မတရား တားဆီးပိတ်ပင်မှု၊ ရဲအယောင်ဆောင်မှု၊ နာမည်အလွဲသုံးစားလုပ်မှု စတဲ့ ပုဒ်မတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်က အမှုဖွင့်တိုင်တန်းထားပါတယ်။

"ကျနော်ကြားသိရသလောက် ကန့်ဘလူခရိုင်ထဲမှာ မှုခင်းသတင်းထောက်ဆိုသူတွေ အယောက် ၇၀ လောက်ရှိပြီ။ သူတို့ပြောတာက တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီး ပြောတယ်။ လက်တွေ့မှာတော့ အဲလိုပုံစံမဟုတ်ဘဲ စိုးရိမ်စရာ အနေအထားတွေ ဖြစ်လာနေတယ်။ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်မယ့်သူတွေက တရားဥပဒေမဲ့ ဖြစ်နေတယ်"လို့လည်း ဒေါက်တာကျော်သူဟန်ထွန်းက ဆက်ပြောပါတယ်။

ပြည်သူတွေနဲ့ မီဒီယာကြားမှာလည်း မှုခင်းသတင်းထောက်ဆိုသူတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013