DVB Logo
Home
မြန်မာသတင်း
ကေအိုင်အေက CB ဘဏ်ကို ကျပ်သိန်း ၆၀၀ ဆက်ကြေးတောင်းဟု တပ်မတော်ပြော
DVB
·
June 4, 2017
ကေအိုင်အေက CB ဘဏ်ကို ကျပ်သိန်း ၆၀၀ ဆက်ကြေးတောင်းဟု တပ်မတော်ပြော
1 / 2
Donate to DVB

18813973_1350820815038780_5776434803086385752_n
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ CB ဘဏ်ကို ကျပ်သိန်း ၆၀၀ အခွန်ငွေပေးဆောင်ဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အေ) ခြိမ်းခြောက် ဆက်ကြေးတောင်းစာပေးပို့ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁ ရက် မနက် ၈ နာရီခွဲလောက်မှာ အသက် ၃၀ အရွယ် အမျိုးသားတဦးရောက်ရှိလာပြီး CB ဘဏ်ဝန်ထမ်းတဦးထံ “အခွန်ထမ်းဆောင်ရန် အသိပေးအကြောင်းကြားခြင်း” ခေါင်းစဉ်ပါ ကေအိုင်အေအဖွဲ့ရဲ့ ခြိမ်းခြောက်ဆက်ကြေး ကောက်ခံတဲ့ စာတစ်စောင်ပေးပြီး ပြန်လည် ထွက်ခွာသွားတယ်လို့ သတင်းက ဆိုပါတယ်။


ခြိမ်းခြောက်စာထဲမှာ “အခွန်ထမ်းဆောင်ရန် အသိပေးအကြောင်းကြားခြင်း၊ အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ CB ဘဏ်အား အသိပေးလိုက်သည်၊ K.I.O/K.I.A (တောင်ပိုင်းတိုင်း) သည် ဒေသအတွင်း စီးပွားရေးလာရောက်လုပ်ကိုင်သော လုပ်ငန်းရှင်များ၊ အစုအဖွဲ့များ၊ ကုမ္ပဏီတို့တွင် အခွန်စည်းကြပ်ကောက်ခံသည်မှာ နှစ်စဉ်နှစ်တိုင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ CB ဘဏ်သည်လည်း အများနည်းတူ သတ်မှတ်ထားသည့်အခွန်တော်ငွေ ထမ်းဆောင်ရမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားလိုက်သည်” လို့ ဖော်ပြထားကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

အခွန်ထမ်းဆောင်ရမယ့် ငွေက ငွေကျပ် သိန်း ၆၀၀ ဖြစ်ပြီး ကေအိုင်အို တောင်ပိုင်းတိုင်းရုံးမှာ လာရောက်ပေးဆောင်ဖို့နဲ့ ပြီးခဲ့တဲ့ မေ ၉ ရက်နေ့ကလည်း တကြိမ်အကြောင်းကြားထားပေမယ့် လာရောက်ပေးဆောင်တာမရှိလို့ ဇွန် ၁၀ ရက်နေ့ နောက်ဆုံးထားပေးဖို့ စာမှာ ဖော်ပြထားတယ်လို့ သတင်းက ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကေအိုင်အို ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘိုကို ဆက်သွယ်မေးမြန်းရာမှာတော့ ကေအိုင်အိုအနေနဲ့ လူထုကို တွေ့ဆုံအလှူခံတာတွေ ရှိပေမယ့် အတင်းအကျပ်လုပ်ဆောင်မှုမျိုးတွေ မရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်အနေနဲ့ကတော့ အဲဒီအခွန်တောင်းခံတဲ့စာ ပေးထားတယ်ဆိုတဲ့ သတင်းလောက်ပဲ ကြားပါတယ်။ ဒါပေမယ့် အဲဒီစာကတော့ တကယ် ကေအိုင်အေရဲ့စာ ဟုတ်သလား၊ မဟုတ်သလားဆိုတာကလည်း အတိအကျပြောလို့ မရပါဘူး။ အခုခေတ်ကတော့ ဒီတံဆိပ်တုံးတွေ နာမည်အတုတွေကတော့ တော်တော်များများ ပျံ့နှံနေလို့လေ။ ဒါကြောင့် ကျနော်ကတော့ အဲဒီစာကို အတည်ပြုပြောဖို့ကျတော့ ကျနော့်အတွက် အခက်အခဲ ရှိပါတယ်။ ကျနော်တို့ ကေအိုင်အေရဲ့ မူအရတော့ အလှူတောင်းတာတော့ရှိပါတယ်။ ဒါပေမယ့် အဲလို ကြမ်းတမ်းတဲ့ နည်းနာနဲ့  အလှူငွေတောင်းတာမျိုးတွေကတော့ ကျနော်တို့မရှိပါဘူး။ သက်ဆိုင်ရာ ဌာန၊ သက်ဆိုင်ရာလူကြီးတွေနဲ့ ကောင်းကောင်းမွန်မွန် ညှိနှိုင်းပြီးမှ တောင်းဆိုတဲ့ ကျနော်တို့ရဲ့ စည်းကမ်းတွေတော့ရှိပါတယ်။ ”

တပ်မတော်ထုတ်ပြန်တဲ့ သတင်းမှာတော့ ကေအိုင်အေအဖွဲ့ဟာ ပြီးခဲ့တဲ့ မတ် ၈ ရက်မှာ မူဆယ်မြို့ရှိ မြ၀တီဘဏ်နဲ့ မေ ၂၇ ရက်က စွမ်စော်ရပ်ကွက်၊ ပင်လုံ ၄ လမ်းရှိ ကုန်သည်တဦးပိုင်ဆိုင်တဲ့ ပြောင်းဖူး ဂိုဒေါင်တွေကိုလည်း ခြိမ်းခြောက်ဆက်ကြေးတောင်းခံ တဲ့စာတွေပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက အဆိုပါနေရာတစ်ဝိုက်မှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013