DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် စာသင်ကျောင်းဆောင် ၃ ဆောင် မီးလောင်မှု ဖြစ်ပွား
DVB
·
June 4, 2017
မြင်းခြံတွင် စာသင်ကျောင်းဆောင် ၃ ဆောင် မီးလောင်မှု ဖြစ်ပွား
Donate to DVB

မန္တလေးတိုင်းဒေသကြီး မြင်ခြံမြို့နယ် ဒေါင်းသစ်ကျေးရွာ အုပ်စု ဒါးကျွန်းကျေးရွာမှာ ဇွန်လ ၃ ရက် မနက် ၈ နာရီကျော်လောက်က CP ပြောင်းဖူးဖက် မီးလောင်ကျွမ်းခဲ့ရာ ဒါးကျွန်းကျေးရွာရှိ (အ-ထ-က ခွဲ ) စာသင်ကျောင်းဆောင် ၃ ဆောင် မီးလောင်ကျွမ်းခံခဲ့ရပါတယ်။

ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ခင်ကြီး က “ပထမ ကျောင်း အဟောင်းက မြစ်ကမ်းနားမှာ မြစ်ကမ်းနားမှာဆိုတော့ ရေတိုက်စားတယ်။ ကမ်းပါးပြိုလာတော့ မဖြစ်ဘူးဆိုပြီး ကျောင်းမြေ အသစ်ရရှိဖို့အတွက် ကျေးရွာ ကော်မတီတွေနဲ့ စုပေါင်းပြီးကျောင်းမြေအသစ် ဝယ်ခဲ့ရတာပါ။ ဒီ ကျောင်းမြေအသစ်ဝယ်တော့ အနီးရှိကျေးရွာတွေက အလှူငွေတွေ စုပေါင်းထည့်ဝင်ခဲ့ကြပြီး မြေကွက်ဖိုးပေးချေဖို့ ကျန်ငွေ သိန်း ၂၀ ကို ဦးတင်မောင်မြင့်က ငွေ စိုက်ထုတ်ပေးခဲ့တာကြောင့် ကျောင်းဝန်းအတွင်းရှိ မြေပေါ်ကို ဦးတင်မောင်မြင့်ကို cp ပြောင်းဖူး စိုက်ပျိုးခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။ ကျောင်းဖွင့်ရာသီရောက်လာတော့ ကျောင်းဆောင်အောက်မှာ ထားရှိထားတဲ့ cp ပြောင်းဖူးဖက်တွေကို ဖယ်ရှား ခိုင်းရာကနေ  ခုလို မီးလောင်းမှု ဖြစ်ခဲ့ပြီး စာသင် ကျောင်းဆောင် ၃ ဆောင်လုံး မီးလောင်ခံခဲ့ရတာပါ” လို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ကြီး က ဒီဗွီဘီကို ပြောပါတယ်။

ဒါးကျွန်းကျေးရွာဟာ မြစ်ရေဝင်သော ဒေသဖြစ်တာမို့ ယခင် စာသင်ကျောင်းဟာ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုခဲ့ရပြီး ၂၀၁၆ (၄) လ ပိုင်းမှာ လက်ရှိ စာသင်ကျောင်း မြေကွက်ကို  ငွေကျပ် သိန်း ၁၀၀ နဲ့  ဝယ်ယူခဲ့တာလည်း ဖြစ်ပါတယ် ။

ဒါးကျွန်းကျေးရွာ အပါအဝင် တန်ဆောင်းကျေးရွာ  အောင်ပြည်စိုးကျေးရွာ ပြည်တော်သာကျေးရွာ၊  နတ်ညွန်းကျေးရွာ၊ ရှားကုန်းကျေးရွာ နဲ့ ရွှေညောင်ပင်ကျေးရွာ တို့က ကျောင်းသား /သူ တွေ လာရောက်ပြီး ပညာသင်ကြားရတဲ့  စာသင်ကျောင်းလည်း ဖြစ်ပါတယ် ။

ဒါးကျွန်း (ထ-ခွဲ) ကျောင်းမှာ ကျောင်းအုပ် ဆရာမကြီး အပါအဝင် ဆရာ /ဆရာမ (၂၅) ယောက်ရှိပြီး ပညာ သင်ကြားနေတဲ့ ကျောင်းသား/သူပေါင်း ၄၁၆ ယောက် ပညာသင်ကြားနေကြတာ ဖြစ်ပါတယ်။

ဒါးကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းဦး က “စာသင်ကျောင်းဆောင် (၃) ဆောင်လုံး မီးလောင်ခံရတာဆိုတော့ အခက်အခဲတွေ အများကြီးရှိပါတယ်။ ကျနော်တို့ နောက်နေ့မှာ ချက်ခြင်း ယာယီကျောင်းဆောင် ပြန်ဆောက်မှာပါ။ လာမယ့် တနင်္လာနေ့ ကျောင်းဖွင့်အမီ ကလေးတွေ စာသင်လို့ရအောင် ပြုလုပ်ပေးသွားမှာပါ။ ကလေးတွေအတွက် သောက်ရေအိုးတွေ၊ အိမ်သာတွေ၊ စာသင်ဖို့ သင်ပုန်းတွေစတဲ့ လိုအပ်တာတွေကို ချက်ခြင်းလုပ်သွားမှာပါ။ တစ်ချို့ကလေးတွေကိုတော့ ဘုန်းကြီးကျောင်းမှာခွဲပြီး စာသင်ကြားပေးသွားရမှာပါ” လို့ ပြောပါတယ်။

မီးလောင်ချိန်ဟာ နာရီဝက်လောက်ကြာပြီး ဒါးကျွန်းကျေးရွာနဲ့ အနီးပတ်ဝန်းကျင်းကျေးရွာ တွေကလူတွေ လာရောက် မီးငြှိမ်းသတ်ပေးခဲ့ကြရတယ်လို့ သိရပါတယ်။

မီးလောင်သတင်းအရ မြင်းခြံမြို့ရှိ သက်ဆိုင်ရာ ဌာနတွေက တာဝန်ရှိသူတွေ လာရောက်စစ်ဆေးခဲ့ကြပြီး မြင်းခြံမြို့နယ်မြေရဲစခန်းက ဒုရဲအုပ် ဇေယျာစိုးက တရားလိုပြုလုပ်ပြီး ဦးတင်မောင်မြင့် ကို ပေါ့ဆမီး ပုဒ်မ (၂၈၅)ပ- ၁၁၇/၂၀၁၇နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ မြင်းခြံ နယ်မြေရဲစခန်းက သိရပါတယ်။

သတင်း၊ဓာတ်ပုံ-ရီရီထွန်း (မြင်းခြံ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013