
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်က အောင်စတိုးဆိုင်ကို ဇွန်လ ၃ ရက်နေ့ ညနေပိုင်း ၇ နာရီခွဲလောက်မှာ လူငယ်တဦးက လက်ပစ်ဗုံးတလုံး လာရောက်ပို့ဆောင်တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါတယ်။
ကျောက်မဲ နယ်ထိန်းရဲတဦးက "အဲဒီ အသက် ၂၀ လောက် လူငယ်တယောက်က ရွှေပြည်သာ ကားဂိတ်ကဆိုပြီး ပစ္စည်းလာပို့တယ်။ အဲတာကို အဲဆိုင်က ဝန်ထမ်းအမျိုးသမီး တယောက်က လက်ခံထားလိုက်တယ်။ ပိုင်ရှင်ကိုပြန်ပေးပြီး ဖွင့်ကြည့်တော့ အထဲမှာ ဖန်ခွက်နဲ့ MG 2 ဆိုတဲ့ လက်ပစ်ဗုံးတလုံးကို တွေ့တာပဲ" လို့ပြောပါတယ်။
စစ်ဆေးချက်အရ လက်ပစ်ဗုံးဟာ ဖြူးမပါတဲ့အတွက် အန္တရာယ်မရှိကြောင်း သူက ဆက်ပြောပါတယ်။
လက်ရှိ ကျောက်မဲမြို့ပေါ်မှာ ရဲအင်အား ဖြန့်ထားပြီး လုံခြုံရေးအတွက် ဆောင်ရွက်နေကြောင်း သိရပါတယ်။
သတင်း - နိုင်နိုင်











