DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ် ပြင်ဝန်းမြစ်တွင် စက်လှေတိုက်မှု ဖြစ်ပွား၊ ၁ ဦး သေဆုံး
DVB
·
June 4, 2017
တနင်္သာရီမြို့နယ် ပြင်ဝန်းမြစ်တွင် စက်လှေတိုက်မှု ဖြစ်ပွား၊ ၁ ဦး သေဆုံး
Donate to DVB

 

တနင်္သာရီမြို့နယ်ထဲက ပြင်ဝန်းမြစ်မှာ ဇွန် ၁ ရက်နေ့က လှေနှစ်စီးတိုက်မိမှု ဖြစ်ပွားပြီး ၁ ဦး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အလျား ၁၀ ပေ၊ အနံ ၄ ပေစီရှိကြတဲ့ သစ်သားစက်လှေငယ်နှစ်စီး မြစ်ဝမှာ တိုက်မိပြီး တစီးနစ်မြုပ်ခဲ့လို့ တဦး သေဆုံးခဲ့တာဖြစ်ကြောင်း တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

“သေဆုံးသွားတဲ့ ဦးတင်သိန်းကို ဒီနေ့မှာပဲ (ဇွန် ၃ ရက်) မြစ်အတွင်းက ပြန်လည်တွေ့ရှိခဲ့ပါတယ်။ လှေပေါ်ပါလာတဲ့တဦးက ဦးခေါင်းဒဏ်ရာရရှိပြီး တဖက်လှေက လူတွေကတော့ ဘာမှထိခိုက်မှု မရှိပါဘူး” လို့ တနင်္သာရီမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တဦးက ပြော ပါတယ်။

အခင်းဖြစ်ပွားစဉ်က တနင်္သာရီမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသူ/ရွာသားများတွေ ပူးပေါင်း ရှာဖွပေးခဲ့ကြောင်း သိရပါတယ်။

စက်လှေမောင်းနှင်သူ နှစ်ဦးဖြစ်တဲ့ ဦးတင်သိန်း (သေဆုံး) နဲ့ ဦးသန်းနိုင်ထွန်းတို့ကို တနင်္သာရီမြို့မရဲစခန်းက ပ ၁၈၅/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀/ ၃၃၇ / ၃၀၄-က အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013