DVB Logo
Home
မြန်မာသတင်း
အိမ်ရာစုဆောင်း ငွေစာရင်းဖွင့်သူ ၁၆၀၀၀ ခန့်ရှိဟု CHDB ဘဏ်ပြော
DVB
·
June 3, 2017
အိမ်ရာစုဆောင်း ငွေစာရင်းဖွင့်သူ ၁၆၀၀၀ ခန့်ရှိဟု CHDB ဘဏ်ပြော
Donate to DVB

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဆောက်လုပ်နေတဲ့ တန်ဖိုးနည်း တိုက်ခန်းတွေကို ဝယ်ယူဖို့ ဆောက်လုပ်ရေးဘဏ်မှာ အိမ်ရာစုဆောင်း ငွေစာရင်း ဖွင့်လှစ်ထားသူ ၁၆၀၀၀ လောက် ရှိလာပြီလို့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ပြောပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနဲ့ ဆောက်လုပ်ရေးဘဏ်တို့ ပူးပေါင်းပြီး အရစ်ကျစနစ်နဲ့ ရောင်းချနေတဲ့ ယုဇနဥယျာဉ်မြို့တော်အနီးနှင့် လှိုင်သာယာမြို့နယ်တို့မှာရှိတဲ့ ကျပ်သိန်း ၁၀၀ ဝန်းကျင်တန် တန်ဖိုးနည်းတိုက်ခန်းတွေ ဝယ်ယူခွင့်နဲ့ သန်လျှင်မြို့နယ်မှာ ဆက်လက်ဆောက်လုပ်မယ့် တန်ဖိုးနည်းအိမ်ရာတွေ ဝယ်ယူခွင့်အတွက် အိမ်ရာစုဆောင်း ငွေစာရင်းကို ဖွင့်လှစ်ကြတာဖြစ်ပါတယ်။

“လက်ရှိမှာ အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်ထားတဲ့သူ ၁၆၀၀၀ လောက် ရှိနေပါပြီ။ တန်ဖိုးနည်းတိုက်ခန်းတွေကို ဝယ်ယူချင်တဲ့သူတွေအတွက် ဘာတွေလိုအပ်တယ်။ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ ဆောက်လုပ်ရေးဘဏ်ခွဲတွေမှာ စုံစမ်းလို့ရပါတယ်။ နောက်ထပ် အိုးအိမ်ဘက်ကနေလည်း နောက်လပိုင်းအတွင်းမှာ ထပ်ပြီး တန်ဖိုးနည်းအိမ်ရာတွေ ရောင်းပေးဦးမယ်။ အဲဒီအခါကျရင် ဆောက်လုပ်ရေးဘဏ်က ဝယ်ယူခွင့်ရသူတွေကို ချေးပေးမှာပါ” လို့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး (CHDB) ဘဏ် လက်ထောက်မန်နေဂျာ ဦးဟိန်းဝေနောင်က ပြောပါတယ်။

အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ထားသူ ၁၆၀၀၀ ဝန်းကျင်းထဲက ဆောက်လုပ်ရေးဘဏ်အနေနဲ့ တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူသူ ၆၀၀ ကျော်ကို ချေးငွေထုတ်ချေးပြီးဖြစ်ပါတယ်။

ဆောက်လုပ်ရေးဘဏ်မှာ အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ရင် ငွေကျပ်တစ်သောင်းနဲ့ စတင်ဖွင့်လှစ်နိုင်ပြီး တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူခွင့်ရဖို့ စုဆောင်းငွေကတော့ အိမ်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း ပြည့်ရမှာဖြစ်ပါတယ်။

ချေးငွေ ရရှိသူတွေဟာ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ၊ ယုဇနတန်ဖိုးနည်းအိမ်ရာ၊ ကနောင်မင်းသားကြီးအိမ်ရာနဲ့ မန္တလေး မြရည်နန္ဒာ အိမ်ရာတို့က တန်းဖိုးနည်းတိုက်ခန်းတွေကို ဝယ်ယူခွင့်ရရှိသူတွေ ဖြစ်ပါတယ်။

ချေးငွေ ရရရှိသူ ၆၀၀ ကျော်မှာ ရန်ကုန်က အယောက် ၅၉၀ နဲ့ မန္တလေးက အယောက် ၆၀ တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013