DVB Logo
Home
မြန်မာသတင်း
ချုပ်မိန့်မရှိဘဲ ၂၄ နာရီထက် ချုပ်ထားလျှင် ကန့်ကွက်မည်ဟု ဦးကျေ်မင်းဆွေ ရှေ့နေပြော
DVB
·
June 3, 2017
ချုပ်မိန့်မရှိဘဲ ၂၄ နာရီထက် ချုပ်ထားလျှင် ကန့်ကွက်မည်ဟု ဦးကျေ်မင်းဆွေ ရှေ့နေပြော
Donate to DVB

The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ စာရေးဆရာ ဗြိတိသျှကိုကိုမောင်တို့ကို ဗဟန်းရဲစခန်းက ဖမ်းဆီးခဲ့မှုနဲ့ပတ်သက်ပြီး ၂၄ နာရီပြည့်လို့ တရားသူကြီးရဲ့ ဖမ်းဝရမ်းနဲ့ ချုပ်မိန့် မပြနိုင်ရင် ကန့်ကွက်သွားမယ်လို့ သူတို့ရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောဆိုလိုက်ပါတယ်။

အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ စာရေးဆရာ ဗြိတိသျှကိုကိုမောင်တို့ကို ဗဟန်းမြို့နယ်ရဲစခန်းက ဖမ်းဆီးပြီး တရားရုံးက ချုပ်မိန့်မရှိဘဲ ၂၄ နာရီထက် ပိုချုပ်မယ်ဆိုရင် ကန့်ကွက်မယ်လို့ ပြောပါတယ်။

“မနေ့က ညနေ ၇နာရီမှာ တရားဝင်အဖမ်းပြပါတယ်။ အဖမ်းပြတော့ ကျနော်တို့တို့ကတော့ ဒီနေ့ညနေ ၇ နာရီမှာ ဖမ်းဆီးချိန်ကာလ ၂၄ နာရီပြည့်ပါတယ်။ ပြည့်တော့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေအရရော၊ ရဲကျင့်ထုံးဥပဒေအရရော နိုင်ငံသားတဦးကို ၂၄ နာရီထက် ပိုလွန်ပြီးတော့ တရားရုံးရဲ့ ချုပ်ရမန်မရှိဘဲ ဖမ်းဆီးလို့ မရဘူးလို့ ပြဋ္ဌာန်းထားတဲ့အတွက် ဒီ ၂၄ နာရီပြည့်ရင်တော့   ဒီဥပဒေနဲ့ ညီညွတ်တဲ့ ချုပ်မိန့် သို့မဟုတ် ချုပ်ရမန် ပြသဖို့ ကျနော်တို့ တောင်းဆိုပါမယ်။ ချုပ်ရမန်မရှိဘဲနဲ့ ဆက်လက်ပြီး ချုပ်မယ်ဟေ့ဆိုရင် ကျနော်တို့ တရားဝင် ကန့်ကွက်ပါမယ်။ ပြီးရင် လာမယ့် တနင်္လာနေ့မှာ ရဲရဲ့ ချုပ်နှောင်မှုသည် ဥပဒေနဲ့ ညီညွတ်သော ချုပ်နှောင်မှု ဟုတ်မဟုတ် တရားသူကြီးဆီကို ကျနော် တရားရုံးကိုတင်ပြပါမယ်။”

တပ်မတော်က ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ စာရေးဆရာ ဗြိတိသျှကိုကိုမောင်တို့ကို ဗဟန်းရဲစခန်းက ဇွန်လ ၂ ရက်နေ့ ညနေပိုင်းမှာ  ဖမ်းဆီးလိုက်တာပါ။

ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နေ့ထုတ် The Voice Daily သတင်းစာမှာ စာရေးဆရာ ဗြိတိသျှကိုကိုမောင်က တပ်မတော်နေ့အထိမ်းအမှတ် ထုတ်လွှင့်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ပြည်ထောင်စု သစ္စာကို ကျည်ထောင်စုသစ္စာ  ဆိုပြီး သရော်စာရေးသားဖော်ပြခဲ့လို့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013