DVB Logo
Home
မြန်မာသတင်း
စစ်ဘေးဒုက္ခသည် နေရပ်ပြန်နိုင်ရေး JMCS အဖွဲ့ဝင်များ ဆွေးနွေး
DVB
·
June 3, 2017
စစ်ဘေးဒုက္ခသည် နေရပ်ပြန်နိုင်ရေး JMCS အဖွဲ့ဝင်များ ဆွေးနွေး
Donate to DVB

ရှမ်းပြည်နယ် မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ နားဟီးရွာမှာရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခတွေ နေရပ်ပြန်နိုင်ဖို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCS) အဖွဲ့ဝင်တွေက ဇွန်လ ၂ ရက် တောင်ကြီးမြို့မှာ အလွတ်သဘော ဆွေးနွေးခဲ့ကြတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့က JMCS အဖွဲ့ဝင် ဒုဥက္ကဋ္ဌနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အဖွဲ့က JMCS အဖွဲ့ဝင် အတွင်းရေးမှူးတို့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ နယ်မြေမှာဖြစ်တဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကိုအဓိက ဆွေးနွေးတာပါ။ ကျနော်တို့အနေနဲ့ RCSS/SSA ဘက်က သဘောထားကြီးဖို့လိုတယ်၊ စစ်သားစုဆောင်းမှု လုပ်တာ သူတို့မူဝါဒဟုတ်မဟုတ် ရှင်းရှင်းလင်းလင်းလုပ်ဖို့ လိုတယ်။ လက်အောက်ငယ်သားတွေ လုပ်တယ်ဆိုလည်း အရေးယူပေးဖို့လိုတယ်" လို့ PNLO ဘက်က JMCS အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူး စွဲထိုက ပြောပါတယ်။

တွေ့ဆုံပွဲမှာ နှစ်ဘက် ညှိနှိုင်းသော်လည်း ဆုံးဖြတ်ပိုင်ခွင့် မရှိတဲ့အတွက် အဖြေရလဒ် ထွက်ရှိလာခြင်းမရှိပါ။

“အဓိကနားဟီးရွာက စစ်ရှောင်နေရတဲ့ ကိစ္စဆွေးနွေးတာဖြစ်တယ်။ အချင်းချင်းကြားထဲ ဆက်သွယ်လို့ရအောင်၊ ညှိနှိုင်းလို့ရအောင် အလွတ်သဘောတွေ့ဆုံတာဖြစ်တယ်။ ဆုံးဖြတ်ချက်မချဘူး။ ပြန်လည်ပြီးတင်ပြမယ် ရှေ့ဆက် ဘယ်လိုဆက်လုပ်မလဲ အဖြေရှာနိုင်ဖို့ ဆွေးနွေးတာပါ" လို့ RCSS/SSA ဘက်က JMCS ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးစိုင်းဟန်က ပြောပါတယ်။

စိုက်ပျိုးရာသီနဲ့ ကျောင်းဖွင့်ချိန်ရောက်ပြီဖြစ်တဲ့အတွက် ဒေသခံတွေ နေရပ်ပြန်နိုင်ဖို့ လိုအပ်နေကြောင်း ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

မောက်မယ်မြို့နယ် ကဒူးကြီးဒေသ နားဟီးဘုန်းကြီးကျောင်းမှာ မေလ ၁၂ ရက်နေ့က RCSS/SSA တပ်သားသစ် စုဆောင်းမှုကြောင့် မဲတစေးရွာနဲ့ ပုန်းစုတ်ရွာ ဒေသခံ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013