DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းမြို့နယ်တွင် ရွှေမျောလုပ်သား ၃ ဦး ကျင်းပိသေဆုံး
DVB
·
June 3, 2017
ဟုမ္မလင်းမြို့နယ်တွင် ရွှေမျောလုပ်သား ၃ ဦး ကျင်းပိသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ထိန်ကုန်းကျေးရွာအနီးမှာရှိတဲ့ ရွှေမျောလုပ်ကွက် အတွင်းမှာ ဇွန်လ ၂ ရက် နေ့လယ် ၁ နာရီခွဲက ရွှေမျော လုပ်သား ၃ ဦး ကျင်းပိသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ရွှေမျောတိုက်ရာကနေ မြေပြိုပြီး ကျင်းပိသေးဆုံးတာာဖြစ်ပြီး သေဆုံးသူ ဦးနေထွန်း၊ ဦးအိုက်ထူးတို့ကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ကျန်ရှိနေတဲ့ ဦးအိုက်စက်ကို ဆက်လက်ရှာဖွေနေပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ ရွှေစက်ပိုင်ကုမ္ပဏီလုပ်ကွက်အတွင်းမှာဖြစ်ပြီး ဦးရဲမြင့်မျော၊ ဦးအောင်လွင်မျော၊ ဦးအိုက်ထင်မျော စတဲ့ ၃ မျောလုပ်ကိုင်နေတာဖြစ်ကြောင်း ဒေသခံ ဦးအောင်စိုးသိန်းက ပြောပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး နမ့်တောရဲစခန်းက သေမှုသေခင်း ၂၅/၂၀၁၇ နဲ့ အမှုဖွင့်ထားပြီး ကျန်ရှိနေတဲ့ အလောင်း ၁ လောင်းကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ ရဲအုပ် ရဲမင်းစိုးက ပြောပါတယ်။

ဌေးလှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013