DVB Logo
Home
မြန်မာသတင်း
ငွေ ၁၂ သိန်းယူခဲ့ဟု စွပ်စွဲချက် ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိ ပယ်ချ
DVB
·
June 3, 2017
ငွေ ၁၂ သိန်းယူခဲ့ဟု စွပ်စွဲချက် ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိ ပယ်ချ
Donate to DVB

ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ရေးအရာရှိက သူတို့မြေပိုင်ရှင်တွေဆီကနေ သိန်း ၅၀ တောင်းခံပြီး ငွေကျပ် ၁၂ သိန်းရယူခဲ့ကြောင်း မိုက်ကယ်ကျော်မြင့်ဆိုသူရဲ့ သတင်းထောက်တွေကို ပြောဆိုချက်အပေါ် ကာယကံရှင်ဖြစ်သူက ငြင်းပယ်လိုက်ပါတယ်။
အစောပိုင်းကတော့ တော်ဝန်နှင်းဆီစားသောက်ဆိုင်မှာ လုပ်ဆောင်ဖို့ရှိခဲ့ပေမယ့် ခွင့်ပြုချက်မရတဲ့အတွက် ယုဇန​ပြောင်းရွှေ့ခဲ့သလို ယုဇနမှာလည်း ထပ်​မလက်​မခံ တာမွေကျိုက္ကဆံက လမ်းဘေးနေရာမှာပဲ သတင်းထောက်တွေကို ကိုမိုက်ကယ်ကျော်မြင့်က ရှင်းလင်းခဲ့ပါတယ်။
ရှင်းလင်းချက်အရ အရင်အစိုးရလက်ထဲက မြို့သစ်စစိမံကိန်းအဖြစ် ဒဂုံမြို့သစ်မြောက်ပိုင်း ယခင်ချောင်းကြီးကျေးရွာ ထိန်ပင်ရိုးကွင်းအမှတ် ၄၆၇/က ကို သိန်းယူခဲ့ရာ အသုံးမပြုတော့တဲ့ မြေဧက ၉ ဧကကို လယ်ပိုင်ရှင်က ၂၀၁၆ ခုက ပြန်လည်တောင်းခဲ့ပါတယ် ။
ဒီတောင်းခံချက်အပေါ် ပြန်လည်စိစစ်ပြီး စီမံကိန်းအနေနဲ့ အသုံးမပြုတော့တဲ့ မြေ ၉ ဧက ပြန်လည်ပေးဆောင်ဖို့ ဦးဖြိုးမင်းသိန်းကိုယ်ကိုင်လက်မှတ်ထိုးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီမြေကို မြန်မာဘီပိုင် ကုမ္ပဏီကို ပြန်လည်ရောင်းစားခဲ့ကြောင်း ကိုမိုက်ကယ်ကျော်မြင့်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
“ကျနော့်ကို ဦးဖြိုးမင်းသိန်းလက်မှတ်ပါတဲ့ မြေပေးပြီးသွားပြီ။ အခုပေးပြီးတော့မှပဲ အဲဒီမြေကို ကုမ္ပဏီကို ရောင်းစားခဲ့တယ်။ အခု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း PSO က ကျနော့်ဆီမှာ သိန်း ၅၀ တောင်းပါတယ်။ ၁၂ သိန်းပေးလိုက်တဲ့ အထောက်အထား ကျနော့်ဆီမှာရှိပါတယ်။”
ဒါ့အပြင် သူ့အနေနဲ့ ပေးစရာငွေမရှိတဲ့အတွက် ကားပေါင်ပြီးပေးခဲ့ရကြောင်းပြောပါတယ်။
ကိုမိုင်ကယ်ကျော်မြင့်ပြောဆိုချက်အရ ၀န်ကြီးချုပ်ရဲ့ PSO ဆိုသူမှာ ဦးတင်ထွန်းဖြစ်ပြီး အဲဒီငွေကို ဦးတင်ထွန်းကို ပေးခဲ့ရတယ်လို့ပြောပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ဦးတင်ထွန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ သူအနေနဲ့ ၀န်ကြီးချုပ်ရဲ့ PSO မဟုတ်သလို ငွေကိုလည်း လက်ခံရယူခြင်းမရှိဘူးလို့ ပြောပါတယ်။
“ကျနော် ဒီပြည်သူက တင်မြောက်ထားတဲ့ အစိုးရလက်ထဲမှာ ကျနော်တောင်းထားတာ မရှိပါဘူး။ နောက်ပြီး ကျနော်က PSO လည်းမဟုတ်သလို အစိုးရအဖွဲ့မှာ ဘာတာဝန်မှ ယူထားတာ မရှိပါဘူး။ ကျနော်လက်ထဲမှာ အဲဒီပိုက်ဆံ ၁၂ သိန်းကို လက်ခံထားတာမရှိပါဘူး။”
ဦးတင်ထွန်းအနေနဲ့ အရင် ဦးဖြိုးမင်းသိန်း ၀န်ကြီးချုပ်မဖြစ်ခင်ကတည်းက သူအိမ်လုပ်ငန်း ကိစ္စအ၀၀ ကို လုပ်ဆောင်နေရသူဖြစ်ပြီး ပညာတတ် PSO မဟုတ်ကြောင်းလည်း ပြောပါတယ်။
ဇွန် ၂ ရက်နေ့ သတင်းထောက်တွေနဲ့ ပြောဆို ရှင်းလင်းနေချိန်မှာ ကိုမိုက်ကယ်ကျော်မြင့်ကို ရဲက ဖမ်းဆီးသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013