DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်၊ ၆ ဦး ဒဏ်ရာရ
DVB
·
June 2, 2017
အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်၊ ၆ ဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ဒီနေ့မနက် ၇ နာရီလောက်က ခရီးသည်တင် EXPRESS ကားကို အခြားကားတစီးက နောက်က ၀င်တိုက်လို့ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းအပိုင်မှာ ဒီနေ့ မနက် ၇ နာရီလောက်က ခရီးသည်တင် EXPRESS ယာဉ်တစ်စီးကို အခြားယာဉ်က ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ၆ ဦးဒဏ်ရာရခဲ့တာလို့ ဘာနတ်ကြီး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းက ဆိုပါတယ်။

ဖြစ်စဉ်မှာ ပဲခူးမြို့နယ်ဘောနတ် အမြန်လမ်းမကြီးရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၃၉/၂နှင့်၃၉/၃အကြားမှာ နေပြည်တော်ကနေ ရန်ကုန်ကို ၀င်းကို မောင်းနှင်လာတဲ့ STAREX ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ ရှေ့ကမောင်းနှင်နေတဲ့ ရွှေတောင်ရိုးခရီးသည်တင် EXPRESS ယာဉ်ရဲ့ နောက်ပိုင်းကို ၀င်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

ယာဉ်တိုက်မှုကြောင့် ရွှေတောင်ရိုး EXPRESS ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေ ထိခိုက်ဒဏ်ရာ မရခဲ့ပေမယ့် STAREX ယာဉ်ပေါ်မှာ လိုက်ပါလာသူ ၈ ဦးအနက် ၆ ဦး ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံပို့ထားရတယ်လို့ သိရပါတယ်။

ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းက ယာဉ်အားမဆင်မခြင်ပေါ့လျော့စွာမောင်းနှင်တဲ့ STAREX ယာဉ်မောင်းဝင်းကို ရာဇသတ်ကြီးပုဒ်မ- ၃၃၇/၃၃၈ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013