DVB Logo
Home
မြန်မာသတင်း
စိုက်ပျိုးရေးဌာနပိုင်မြေတွင်း ဝင်ရောက်ထွန်ယက်မှုကြောင့် တောင်သူ ၈ ဦးကို အမှုဖွင့်
DVB
·
June 2, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်မှာ ဇွန်လ ၁ ရက်နေ့ ညနေ ၆ နာရီက တောင်သူ ၈ ဦးကို စိုက်ပျိုးရေးဌာနပိုင် မြေယာကို ၀င်ရောက်ထွန်ယက်မှုနဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ရဲက ပြောပါတယ်။

ရှမ်းပြည်နယ်နဲ့ ဝမ်းတွင်းမြို့နယ်အစပ် တောင်ကြီးကုန်းသစ်တော ကြိုးဝိုင်းအတွင်း စိုက်ကွင်းစိုက်ပျိုးရေးဌာန ပိုင်ယာမြေကို ဦးအောင်ရွှေပါ ၈ ဦးက ဘိုးဘွားပိုင်မြေဆိုပြီး ဝင်ရောက်ထွန်ယက်နေလို့ ပိုင်နက်ကျူးကျော်မှုနဲ့ ဖမ်းဆီးအမှုဖွင့်တာလို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

“စိုက်ပျိုးရေးဌာနဦးစီးအရာရှိ ဦးဌေးလင်းက တရားလိုလုပ်ပြီး အမှုလာဖွင့်တယ်။ နွားတွေ ထွန်စက်တွေနဲ့ ဝင်ထွန်နေတယ်လို့ ပြောတယ်။ ဌာနပိုင်ဖြစ်တယ်လို့ သွားပြောပေမယ့် လက်မခံကြဘူးဆိုပြီး အမှုလာဖွင့်တယ်” လို့ ဒုရဲအုပ်သိန်း ဇော်သန်းက ပြောပါတယ်။

စိုက်ကွင်းမှူး ဦးဌေးလင်းက “ကျနော်တို့က ဝန်ထမ်းတွေပါ။ တောင်သူတွေက ဥပဒေဘောင်အတွင်းက တင်ပြသင့်တယ်။ ဒီမြေတွေက ၁၉၇၁ ခုနှစ်မှာ တောင်ကြီးကုန်း သစ်တောကြိုးဝိုင်းလို့ သတ်မှတ်တယ်။ ကော်ဖီရာသီသီးနှံ စီမံကိန်းသီးနှံတွေ စိုက်ပျိုးဖို့ ဌာနကိုလွှဲတယ်။ ဌာနပိုင်အတွင်း ခွင့်ပြုချက်မရှိ ကျူးကျော်လို့ အမှုဖွင့်လိုက်တယ်" လို့ ပြောပါတယ်။

ဖမ်းဆီးအမှုဖွင့်ခံရတဲ့ တောင်သူတဦးက လုပ်ကိုင်စရာ မြေမရှိတာကြောင့် အခုလို ၀င်ရောက်ထွန်ယက်လုပ်ကိုင်တာဖြစ်ပြီး တရားစွဲခံရမယ်ဆိုတာလည်း သိထားတယ်လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းမှာ အမှုအမှတ် (ပ)၁၂၀/၂၀၁၇ ရာဇဝတ်မကင်းသော ပိုင်နက်ကျူးကျော်မှု ရာဇသတ်ကြီးပုဒ်မ-၄၄၇၊ အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ-၁၁၄ တို့နဲ့ ဦးအောင်ရွှေပါ ၈ ဦးကို အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013